မုန်း မိုး ​စွေ ရွာ



ရင်ကွဲနာ အလွမ်းဇာတ်
တစ်ခန်းရပ် သုဉ်းစေ
အနမ်းမြတ် မှုန်းလေကွယ်
နှလုံးမြေဝယ် ပျော်ဖူး ။
မကြင်၍ သခင်မေရယ်
တမင်သွေ ဘယ်မြေသို့ကူး ။


မျှော်လင့်လို့ ခေါ်ဆင့်တာကို
ဖော်ခင့်မှာ သိဘူး
အပျော်လင့်ကြာ မချိရူးလို့
အကြည့်မူး သည်းကြွေ ။
ပန်းတမေ လွမ်းစေညွှန်းပြီပေါ့
ကျွမ်းလေလွန်း သောကဗျာပွေ ။

ရင်နွမ်းလို့ ခင်လွမ်းနေရင်
မြင်စမ်းစေ စာနာစိတ်နှင့်
မာယာရိပ်  နှလုံးသူခိုးမေရာ
မုန်း မိုး စွေ ရွာ ....
ပန်းမကိုဋ် နန်းထိုက်ကညာကို
လွမ်းလိုက်တာ သိတော်မူလေး ။

မင်းခသူ                      ( သုံးချက်ညီတေးထပ် )