ပန်း ရာသီခွင် ၊ ပန်း ဝေလွင်လျက် ၊
ပန်း ပင် စိမ်းစို ၊ ပန်း မိုးကြိုကာ ၊
ပန်း ဆိုပါလည်း ၊ ပန်း ခိုင်စွဲ၍ ၊
ပန်း ကြဲနွေမှာ ၊ ပန်း ငွေဇာခြည် ၊
ပန်း လွှာစီဆင့် ၊ ပန်း ပင်မြင့်ထံ ၊
ပန်း ပွင့်ရံကာ ၊ ပန်း တင့်ပါစေ ၊
ပန်း ညှာဝေသား ၊ ပန်း စကားနှင့် ၊
ပန်း ပါးမှီခို ၊ ပန်း ရည်စိုခိုက် ၊
ပန်း ပျိုမိုက်သည်း ၊ ပန်း ဆောင်ထဲတွင် ၊
ပန်း မာန်ဝင်ပျိုး ၊ ပန်း ခင်မျိုးက ၊
ပန်း ငြိုးမုန်းလေ ၊ ပန်း နွေကမ္ဘာ ၊
ပန်း လွှာမနေ ၊ ပန်း ပွင့်ကြွေသည် ၊
ပန်းဝေ သက်လယ် စိမ်းသောကြောင့် ။ ။
တမ်း ကာရည်စဉ် ၊ တမ်း ဖွေမင်သက် ၊
တမ်း လျင်တိမ်း ပျို ၊ တမ်း မျိုးထိုခါ ၊
တမ်း လိုတာ မြဲ ၊ တမ်း ယိုင်လဲလေ့ ၊
တမ်း သည်းကြွေကာ ၊ တမ်း နေပါမည် ၊
တမ်း စာချီသင့် ၊ တမ်း ရည်ရင့်သန် ၊
တမ်း ခင့်ထံသာ ၊ တမ်း လင့်ကာဖွေ ၊
တမ်း ဗျာပွေအား ၊ တမ်း အများဖွင့် ၊
တမ်း သွားမည်ကို ၊ တမ်း သည် ဖိုလှိုက် ၊
တမ်း လိုခိုက်လည်း ၊ တမ်း မောင်သည်းရင် ၊
တမ်း ပြန်လျင် နိုး ၊ တမ်း စဉ်ညှိုးလျ ၊
တမ်း မိုးသုဉ်းစေ ၊ တမ်း ဖွေမကြာ ၊
တမ်း စာမခြွေ ၊ တမ်း ဆင့်ဝေသည် ၊
တမ်းလေ မျက်ခြယ် ယိမ်းသောကြောင့် ။ ။
လွမ်း ပါသည် ခင် ၊ လွမ်း နွေခွင်စက် ၊
လွမ်း ရင်ငြိမ်းလို ၊ လွမ်း အိုးယိုကာ ၊
လွမ်း ပြိုကာသည်း ၊ လွမ်း စိုင်ထဲစွေ့ ၊
လွမ်း ပွဲဝေရာ ၊ လွမ်း စွေလာသည် ၊
လွမ်း ရာသီလွှင့် ၊ လွမ်း မည်ခင့်ထံ ၊
လွမ်း သင့်ဖန်ခါ ၊ လွမ်း လင့်ရာမြေ ၊
လွမ်း စာစေပါး ၊ လွမ်း တရားချင့် ၊
လွမ်း အားမည်ဆို ၊ လွမ်း သည်ကိုယ်၌ ၊
လွမ်း ပြိုမြိုက်ဆဲ ၊ လွမ်း လောင်မြဲပင် ၊
လွမ်း ပန်ဆင်ညှိုး ၊ လွမ်း ပင်ပျိုးမှ ၊
လွမ်း မိုးချုန်းပေ ၊ လွမ်း ဝေကုဋာ ၊
လွမ်း ရာမပြေ ၊ လွမ်း နှင့်ထွေသည် ၊
လွမ်းနွေ စက်ဝယ် တိမ်းသောကြောင့် ။ ။
မင်းခသူ
မင်္ဂလာပါ

IDOL Bloggers
K Thu's ကဗျာစာအုပ်
စာပေ ၊ ဂီတ

Popular Posts
-
စာအုပ်အမည် – သူနမ်းလျှင်ပန်းပွင့်ဖြစ် သူပစ်တော့ဝါရွက်ကြွေ ရေးသားသူ – မောင်စိန်ဝင်း(ပုတီးကုန်း) အမျိုးအစား – ၀တ္တုရှည် သ...
-
ချစ်သော ကဗျာချစ်သူ စာချစ်သူ သူငယ်ချင်းများအားလုံးမင်္ဂလာပါခင်ဗျ ။ ကျွန်တော် ဒီနေ့စာပေဒါနပြုသွားမယ့် စာအုပ်လေးကတော့ဆရာ ဟယ်ရီလွင် ရဲ့ ...
-
ကားမှတ်တိုင်တွေမှာ ဘုံဆိုင်တွေထဲမှာ နေရာတကာမှာ မမ အကြောင်း ခေါင်းစဉ်များစွာ ..... ကျော့ရှင်း ဖြူ ဝင်း ခြောက်ပြစ်ကင်းသော မမ ဆင်မယဉ်သ...
-
စုန်းပန်းများ ငါ့ကို ပြုစားဖို့ပွင့်ကြပြီ ။ မုယောပင်တွေ နွဲ့ယိမ်းနေပုံက နတ်ဖမ်းစားခြင်းကို နှင်ထုတ်နေသလိုမျိုးပဲ အဲဒီအေ...
-
ကဗျာဆိုင်ရာ ဆောင်းပါးနှင့် အခြားစာများ http://www.facebook.com/groups/237590846346389/doc/239301462841994/ ကာချင်းများ http://www.face...
-
မမရေ ... ကိုယ်ဟာ အသက်ငယ်တယ် အသည်းငယ်တယ် လိပ်ပြာငယ်တယ် ။ ကမ္ဘာမြေကြီးက အက်တမ်တစ်ပွင့်နဲ့ အစပြုခဲ့သလိုပေါ့ တစ်ဘဝလုံးဟာ...
-
နှင်းကြားအိပ်စက် အိမ်မက် မက်၏ တစ်ရံရောခါ... မြူပြာပြာထဲ ပွင့်အာမြဲသော အိမ်မက်တို့....။ ထိုညသန်းခေါင် ကြယ်ရောင်မလင်း လရောင်...
-
မန္တလေးကဗျာ ( ၁) မန္တလေးတောင်ကြီးက မန်းတက်နေတဲ့ မန္တလေးနေ့တွေကို နေ့စဉ်နဲ့အမျှ ငုံ့ငုံ့ကြည့် ။ ကျုံးကိုခါးပတ်ပတ်ထားတဲ့ နန်းတေ...
-
(၁ ) ကျောက်ဂူထဲက တလှမ်းခြင်းထွက်လာတဲ့  ကြေး ၀ါ ရောင် ခြင်္သေ့တကောင်လိုပဲ ၁၉၉၁ ရဲ့ ဒီဇင်ဘာ ( ၁၀ ) ရက်ဟာ နေခြည်မျှင်စတွေကို ...
-
ကျွန်တော့်ခန္ဓာလို့ထင်ရတဲ့ အရာကြီးဟာ အသူရာ ချောက်ထဲပြုတ်ကျနေသလိုခံစားရတယ် ။ နားထဲမှာ ကြားနေရတဲ့အသံတွေကလဲ နီးသွားလိုက် ဝေးသွ...
Blog Archive
ရွေးချယ်ဖတ်ရှုရန်
- ကဗျာ (205)
- ကဗျာရွတ်သံ (1)
- စာအုပ်စင် (7)
- စာပေဟောပြောပွဲ (1)
- ဘလော့နည်းပညာစုစည်းမှု (1)
- ဝတ္ထုတို (4)
- အက်ဆေး (5)
- ဆောင်းပါး (3)