လွမ်းသမျှတွေ စာစီသိမ်းပါပေါ့
မန်းအလှမြေ ကညာမဒီစိမ်းကိုဖြင့်
အနမ်းသခြွေ ကဗျာရည်လိမ်းလို့
အညာဆီယိမ်းကာ အိမ်မက်မလှပြီပဲ
ထိမ်ဝှက်မရတဲ့ သောကပွေ
သြော် ...
မမှိန်သက်ကြတဲ့ မောဟမြေ ။
ခရေပန်းကြွေ တက္ကသိုလ်တစ်လျှောက်
မပြေအလွမ်းတွေ ရတက်ပိုနှောက်တော့
အမျက်ညိုသလောက် ခင်သက်ထားရယ်က
မကြင်ရက်အားကာ အကြည့်စိမ်းတွေနဲ့
တမင်မြွက်ကြားလာ အသိတိမ်းပြီပဲ
ကတိငြိမ်းလည်း မောင့်သစ္စာတရားတွေက
ခင်ရယ် ....
အမိယိမ်းလည်း စောင့်ရစ်တာမမှားပါဘူး
မေတ္တာစကား မကြားချင်သူမေရယ်
ချစ်ကမ္ဘာခြားနေ ....။
ဘယ်သောအခါ ပြန်လာနိုးရယ်လို့
တကယ်မောစွာ သံသရာတရိုးမှာဖြင့်
တနွယ်စောကာ မြန်မကြာစိုးပါလှည့်
အဖန်တရာမရိုးတဲ့ ခင်ခင့်အနမ်းမှာပဲ
ထံ တျာ ပျိုးခဲ့ ရင်နင့်အလွမ်းစာထဲက
သခင်အသင့် နန်းသိမ်းတော်မူရယ်လို့
ဘဝင်မလွင့် အလွမ်းငြိမ်းအောင်အဖော်ကူမှ
ပန်းအစိမ်းရောင် နေခြည်အဝင့်မှာလည်း
အနွမ်းသိမ်းအောင် ရွှေရည်ဆင့်ကာပဲ
မြေမဟီပွင့်လာ အဆင်းတောက်ဝေ
မင်းတစ်ယောက်မသွေ ရင်ခွင်ထိန်း
အိုကွယ် ....
အလင်းရောက်မလေ ခင်ခင် သိမ်း ။
နွေရက်ရှည်မော....
အဖြေခက်လေသော ညအမိုက်မှာတော့
ကြွေရက်တွေစောကာ ဘဝမြိုက်ပါဘိ
မရထိုက်တာ သိတဲ့ပန်းမကိုဋ်ကိုရယ်မှ
အလှကြိုက်ကာ အကြည့်မဲ့အနမ်းအရှိုက်တွေနဲ့
မြန်းခိုက်မှာ ကျွန်တော်ရင့်ရူးရပါပေါ့
မျှော်လင့်ဖူးတဲ့ ရင်ခွင့်ပန်းဟာလည်း
အဆင်သင့်လှမ်းကာ တစ်ပါးသူခူးပါလို့
တခြားလူဦးတာ ရင်အနင့်ဆုံးပါပဲ ...
ဘဝင်လွင့်သုဉ်းလို့ မျက်ရည်ြမစ်ထဲ
သက်သေအဖြစ်ကြဲခဲ့တဲ့ နှလုံးသားမှ
အရှုံးသမားဘဝ ပွင့်ဦးကြွေခဲ့ကြောင်း
အမုန်းတရားက ရင့်ရူးစေခဲ့ကြောင်း
အသင့်ကူးတဲ့ ခင်ခင်မသိဘူးထင်ရဲ့
ရင်ခွင်မရှိဖူးတဲ့ သက်လယ်စိမ်းကိုဖြင့်
အမျက်ကွယ်ထိန်းကာ ခွင့်လွှတ်ခြင်းနဲ့
ညွှတ်ကွင်းမှာ ကျွန်တော်ထွက်ရုန်းလို့
ဝပ်စင်းကာ အမျှော်ပျက်သုဉ်းပြီမို့ ...
မပျော်သက်ဆုံး သေတမ်းကဗျာလေးနဲ့ပဲ
အဖော်မြတ်ဘုန်း ခြွေတမ်းမှာပေးခဲ့ပါတယ်
နွေစခန်းကဋာမှာ အခါခါတိမ်းလေမယ့်
( ဪ ....
ရွှေမန်းအညာ
တမေလှမ်းခွာ
မသွေလွမ်းပါတဲ့ )
မေနန်းကညာ စိမ်း ။ ။
မင်းခသူ ( စာထောင့် လေးချိုးကြီး )
မန်းအလှမြေ ကညာမဒီစိမ်းကိုဖြင့်
အနမ်းသခြွေ ကဗျာရည်လိမ်းလို့
အညာဆီယိမ်းကာ အိမ်မက်မလှပြီပဲ
ထိမ်ဝှက်မရတဲ့ သောကပွေ
သြော် ...
မမှိန်သက်ကြတဲ့ မောဟမြေ ။
ခရေပန်းကြွေ တက္ကသိုလ်တစ်လျှောက်
မပြေအလွမ်းတွေ ရတက်ပိုနှောက်တော့
အမျက်ညိုသလောက် ခင်သက်ထားရယ်က
မကြင်ရက်အားကာ အကြည့်စိမ်းတွေနဲ့
တမင်မြွက်ကြားလာ အသိတိမ်းပြီပဲ
ကတိငြိမ်းလည်း မောင့်သစ္စာတရားတွေက
ခင်ရယ် ....
အမိယိမ်းလည်း စောင့်ရစ်တာမမှားပါဘူး
မေတ္တာစကား မကြားချင်သူမေရယ်
ချစ်ကမ္ဘာခြားနေ ....။
ဘယ်သောအခါ ပြန်လာနိုးရယ်လို့
တကယ်မောစွာ သံသရာတရိုးမှာဖြင့်
တနွယ်စောကာ မြန်မကြာစိုးပါလှည့်
အဖန်တရာမရိုးတဲ့ ခင်ခင့်အနမ်းမှာပဲ
ထံ တျာ ပျိုးခဲ့ ရင်နင့်အလွမ်းစာထဲက
သခင်အသင့် နန်းသိမ်းတော်မူရယ်လို့
ဘဝင်မလွင့် အလွမ်းငြိမ်းအောင်အဖော်ကူမှ
ပန်းအစိမ်းရောင် နေခြည်အဝင့်မှာလည်း
အနွမ်းသိမ်းအောင် ရွှေရည်ဆင့်ကာပဲ
မြေမဟီပွင့်လာ အဆင်းတောက်ဝေ
မင်းတစ်ယောက်မသွေ ရင်ခွင်ထိန်း
အိုကွယ် ....
အလင်းရောက်မလေ ခင်ခင် သိမ်း ။
နွေရက်ရှည်မော....
အဖြေခက်လေသော ညအမိုက်မှာတော့
ကြွေရက်တွေစောကာ ဘဝမြိုက်ပါဘိ
မရထိုက်တာ သိတဲ့ပန်းမကိုဋ်ကိုရယ်မှ
အလှကြိုက်ကာ အကြည့်မဲ့အနမ်းအရှိုက်တွေနဲ့
မြန်းခိုက်မှာ ကျွန်တော်ရင့်ရူးရပါပေါ့
မျှော်လင့်ဖူးတဲ့ ရင်ခွင့်ပန်းဟာလည်း
အဆင်သင့်လှမ်းကာ တစ်ပါးသူခူးပါလို့
တခြားလူဦးတာ ရင်အနင့်ဆုံးပါပဲ ...
ဘဝင်လွင့်သုဉ်းလို့ မျက်ရည်ြမစ်ထဲ
သက်သေအဖြစ်ကြဲခဲ့တဲ့ နှလုံးသားမှ
အရှုံးသမားဘဝ ပွင့်ဦးကြွေခဲ့ကြောင်း
အမုန်းတရားက ရင့်ရူးစေခဲ့ကြောင်း
အသင့်ကူးတဲ့ ခင်ခင်မသိဘူးထင်ရဲ့
ရင်ခွင်မရှိဖူးတဲ့ သက်လယ်စိမ်းကိုဖြင့်
အမျက်ကွယ်ထိန်းကာ ခွင့်လွှတ်ခြင်းနဲ့
ညွှတ်ကွင်းမှာ ကျွန်တော်ထွက်ရုန်းလို့
ဝပ်စင်းကာ အမျှော်ပျက်သုဉ်းပြီမို့ ...
မပျော်သက်ဆုံး သေတမ်းကဗျာလေးနဲ့ပဲ
အဖော်မြတ်ဘုန်း ခြွေတမ်းမှာပေးခဲ့ပါတယ်
နွေစခန်းကဋာမှာ အခါခါတိမ်းလေမယ့်
( ဪ ....
ရွှေမန်းအညာ
တမေလှမ်းခွာ
မသွေလွမ်းပါတဲ့ )
မေနန်းကညာ စိမ်း ။ ။
မင်းခသူ ( စာထောင့် လေးချိုးကြီး )