သူ့ခြေသံ ရွှေနားတော်သွင်းလာတဲ့ဆောင်း
နှင်းတွေပြောင်းပြန်ကျလာသလို ရင်ခုန်ရ ၊
မြူခိုး မြူစတွေထဲ ...
ပင့်သက်ရှိုက်သံတို့ ကိုင်ဆွဲလို့ မြနန္ဒာရယ်
ခင့်ကို ငါလိုက်ရှာတယ် ။
မြူခိုး မြူစတွေထဲ ...
ပင့်သက်ရှိုက်သံတို့ ကိုင်ဆွဲလို့ မြနန္ဒာရယ်
ခင့်ကို ငါလိုက်ရှာတယ် ။
အတိတ်သည် တသွေးတမွေးလှဆဲ ...
ရေစိမ်းနဲ့ ဗေဒါနံ့သင်းနေတဲ့ တောင်သမန်
တွေ့ခွင့်ရရန်ကြေငြာချက် ၊ လက်ဖဝါးနှစ်ဖက်မှာ
ကံကြမ္မာအဖြစ်ပါလာခဲ့ရင် ကောင်းမယ် ။
ရေစိမ်းနဲ့ ဗေဒါနံ့သင်းနေတဲ့ တောင်သမန်
တွေ့ခွင့်ရရန်ကြေငြာချက် ၊ လက်ဖဝါးနှစ်ဖက်မှာ
ကံကြမ္မာအဖြစ်ပါလာခဲ့ရင် ကောင်းမယ် ။
အဝေးဆီ ...
တကယ်တော့အဝေးက ဝေးသူလေးဆီပါပဲ
ဘာအလင်္ကာမှမဖွဲ့သီရပဲ လွမ်းနေတာ
ဘာအကြောင်းပြချက်မှမရှိပဲ လွမ်းနေတာ
ဘာသောကမှမပါပဲ လွမ်းနေတာ
လွမ်းနေတာဟာ လွမ်းနေတာထက်ပိုတာပါပဲ ။
တကယ်တော့အဝေးက ဝေးသူလေးဆီပါပဲ
ဘာအလင်္ကာမှမဖွဲ့သီရပဲ လွမ်းနေတာ
ဘာအကြောင်းပြချက်မှမရှိပဲ လွမ်းနေတာ
ဘာသောကမှမပါပဲ လွမ်းနေတာ
လွမ်းနေတာဟာ လွမ်းနေတာထက်ပိုတာပါပဲ ။
အတိတ်ဟာ ...
ပျဉ်ချပ်တွေပေါ်မှာ ကော်ရက်ရှင်နဲ့ထိုးခဲ့တဲ့
နာမည်လေးတွေအဖြစ် ကျန်ခဲ့ပြီ
မွှေးမြသော ခင့်သနပ်ခါးရနံ့တို့လည်း
တောင်သမန်လေထဲမှာ ငါဆုံးရှုံးခဲ့ရပြီ
တကယ်တော့ မုန်တိုင်းပြီးစမြို့ပျက်ကလေးလို
တစစီပျောက်ဆုံးသွားတဲ့ နာမ်စားတွေ
ခင့်ကို လိုက်ရှာနေရဦးမယ် ။
ပျဉ်ချပ်တွေပေါ်မှာ ကော်ရက်ရှင်နဲ့ထိုးခဲ့တဲ့
နာမည်လေးတွေအဖြစ် ကျန်ခဲ့ပြီ
မွှေးမြသော ခင့်သနပ်ခါးရနံ့တို့လည်း
တောင်သမန်လေထဲမှာ ငါဆုံးရှုံးခဲ့ရပြီ
တကယ်တော့ မုန်တိုင်းပြီးစမြို့ပျက်ကလေးလို
တစစီပျောက်ဆုံးသွားတဲ့ နာမ်စားတွေ
ခင့်ကို လိုက်ရှာနေရဦးမယ် ။
သစ်အိုပင်ကြီးက ငါ့ကိုပြောပြနေတဲ့
တရားဓမ္မသည်
လှိုင်းကြက်ခွပ်တို့ ဖြတ်ပြေးသွားတဲ့
ငါ့ရင်ဘတ်သည်
မိုးမြူ နှင်းမှုန်တို့ဖြင့် ဝေဝါးဆဲသော
ငါ့အနာဂတ်သည်
အဝေးက ဝေးသူဆီလွင့်ဝေမည့် ၊
သီချင်းတစ်ပိုဒ် တေးတစ်ပုဒ်လည်း
ဖြစ်ပါစေ ... ။
တရားဓမ္မသည်
လှိုင်းကြက်ခွပ်တို့ ဖြတ်ပြေးသွားတဲ့
ငါ့ရင်ဘတ်သည်
မိုးမြူ နှင်းမှုန်တို့ဖြင့် ဝေဝါးဆဲသော
ငါ့အနာဂတ်သည်
အဝေးက ဝေးသူဆီလွင့်ဝေမည့် ၊
သီချင်းတစ်ပိုဒ် တေးတစ်ပုဒ်လည်း
ဖြစ်ပါစေ ... ။
ခင့်ကိုယ်သင်းရနံ့ကိုသယ်ဆောင်မည့်
တောင်သမန်၏
လေပြေလေညင်းတို့သည်လည်း ... ။
တောင်သမန်၏
လေပြေလေညင်းတို့သည်လည်း ... ။
မင်းခသူ ( K သူ )