ဝေဒနာကမ်း

ဝေဒနာကမ်း ၊ နွေရွာလမ်းမှာ ၊ 
လွမ်းရာရပ်ဆီ ၊ ခြေဦးတည်မိ ၊
သတိရကြောင်း ပြောကြားရန် ။


ဝေဒနာကမ်း ၊ စေရာကျွမ်းမြိုက် ၊
လွမ်းခိုက် သက်လျော ၊ ခက်သော အနာ ၊
ကဗျာဖြစ်ကြောင်း ရွတ်ပြရန် ။

ဝေဒနာကမ်း ၊ ကြွေကာနွမ်းမြေ့ ၊
လွမ်းငွေ့ရင်ထဲ ၊ မသိလည်း သူ ၊
အပူဖြစ်ကြောင်း ကျွမ်းပြရန် ။

ဝေဒနာကမ်း ၊ မြေမှာစမ်းသွေ့ ၊
မြန်းစေ့တမြေ ၊ လွမ်းနေ့ရေတွက် ၊
အသက်နွမ်းကြောင်း ပြောပြရန် ။

ဝေဒနာကမ်း ၊ ငွေဇာနန်းထက် ၊
လွမ်းမျက်ရည်ဖုံး ၊ ပုလဲကုံးကို ၊
သုံးလိုသူအား ဆက်သရန် ။

ဝေဒနာကမ်း ၊ ရေလွှာပန်းလှိုင်း ၊
လွမ်းတိုင်းရွှဲစို ၊ အသည်းငိုဖူး ၊
ပွင့်ဦးနာကြောင်း ပြောပြရန် ။

မင်းခသူ