မန္တလေး ...
ပန်းကလေးလို ရနံ့ထထပေး
လဖက်ရည်နံ့နဲ့ မန္တလေးဟာ
မွှေးတယ် ၊ နွေးတယ် ။
လဖက်ရည်နံ့နဲ့ မန္တလေးဟာ
မွှေးတယ် ၊ နွေးတယ် ။
မန္တလေး ...
အဝေးဆုံးကို ရောက်သွားရင်တောင်
အဝေးဆုံးထိ လာရောက်နီးကပ်ပြီး ၊
မိန်းမပျိုတစ်ယောက်လို ရမ္မက်ကြီးစေတဲ့
မိန်းမပျိုဆန်ဆန် မြို့
အဲဒီလို .... ညှို့သူ ။
အဝေးဆုံးကို ရောက်သွားရင်တောင်
အဝေးဆုံးထိ လာရောက်နီးကပ်ပြီး ၊
မိန်းမပျိုတစ်ယောက်လို ရမ္မက်ကြီးစေတဲ့
မိန်းမပျိုဆန်ဆန် မြို့
အဲဒီလို .... ညှို့သူ ။
မန္တလေး ...
အရာရာရင်ခုန်စရာတွေချည်း
သူ့ကိုပြောဖို့ စာကားလုံးအသီးသီး
ရှာမရ ...
သင်နှင့်ငါ အသံတိတ်နားလည်
ရှိနှင့်ပြီးသား ရင်ခုန်သံအသေ ၊
သင်က ...
ဝါးရွက်ခြောက်နဲ့ ငါ့စိတ်ကို
ခြွေတယ် ။
အရာရာရင်ခုန်စရာတွေချည်း
သူ့ကိုပြောဖို့ စာကားလုံးအသီးသီး
ရှာမရ ...
သင်နှင့်ငါ အသံတိတ်နားလည်
ရှိနှင့်ပြီးသား ရင်ခုန်သံအသေ ၊
သင်က ...
ဝါးရွက်ခြောက်နဲ့ ငါ့စိတ်ကို
ခြွေတယ် ။
မင်းခသူ ( K သူ )