_____ အိနြေ္ဒရှင် ______

ပြတင်းပေါက်မှာ လမင်းပေါ်လာနိုး ။ မျှော်ကိုးသူ ။ ဂစ်တာတီးတတ်စလူငယ် ။ 
သနပ်ခါး ပါးကွက်ကြားနဲ့ ကောင်မလေး ။ တောင်သမန်အတွက်သီမယ့်တေး ။
ဟေး ... နှင်းတွေ ဖြည်းဖြည်းကျစမ်းပါ ။ ဟောဒီမှာ... ခြောက်ကြိုးစလုံးပေါ်က
လက်ဖျားတွေ အေးစက်နေတာ ။ ရှစ်နာရီအတိအကျနဲ့ သူ့ကိုငါ သတိရလို့လာ
ခဲ့တယ် ။ နှုတ်ခမ်းတွေပြာနှမ်းနေတာ ချမ်းလို့မဟုတ်ဘူးကွဲ့ ။ လွမ်းလို့ ။ လွမ်း

လို့ဆိုတာ သူ့မျက်ခုံးထူထူတွေကို လွမ်းလို့ ။ သူ့လက်ချောင်းသွယ်သွယ်တွေကို
လွမ်းလို့ ။ ခြင်္သေ့ပျိုရဲ့လည်ဆံမွှေးတွေလို လွင့်ဝဲနေမယ့် ဆံနွယ်တွေကို လွမ်း
လို့ ။ ငါ့သီချင်းတွေနဲ့ နမ်းဖို့ပဲ ။ ငါ ... လာတယ် ဒေဝီ ။ ညရဲ့ ရင်သားတွေပေါ်
ကပိုကရို တိမ်တွေညိုနေလိုက်တာ ။ သီချင်းဆိုဖို့တောင် ကောင်းနေပြီ ။ ဪ
ဟို အကိုကြီးရဲ့ မခင်နှင်းဆီနဲ့စရမလား ၊ ရေဒီယိုကမာရွတ်နဲ့ စရမလား ။အနိုင်
မယူသူ အရှုံးနဲ့ စရမလား ။ ဒီကောင့်ဒုက္ခက မသေးဘူး ။ ဆွေးဖူးသူအဖို့ တေး
ဦး သီကျူးရမှာ မလွယ်ဘူး ။ အဲဒီလိုနဲ့ ဟင်္သာတို့ရဲ့နန်းတော်ရှေ့က စလိုက်ပြီ ။
အဲဒါကောင်းတယ် ။ အဆောင်တံခါးဝက တံခါးမှူးပေါ့ ။ ကီးတွေချော်နေတယ်။
ပြတင်းပေါက်မှာ လမင်းပေါ်လာနိုး ။ မျှော်ကိုးသူ ။ ဂစ်တာတီးတတ်စလူငယ် ။
ကီးတွေချော်နေတယ် ။ ဒေဝီ ။ ငါ့ရဲ့ ပန်းရိုင်းဂီတ ဒေဝီရယ် ။နင့်နာမည်ရွတ်ရင်
မြေမဟီ တုန်တယ် ။ နှုတ်ခမ်းတွေ တုန်တယ် ။ လက်တွေ တုန်တယ် ။ ရင်တွေ
တုန်တယ် ။ ဒါကိုတော့ မယုံကြသူတို့ ယုံဖို့ကောင်းပါရဲ့ ။ ဆောင်းထဲ နှင်းထဲက
အသံတွေတုန်နေတဲ့ လူငယ် ၊ ခြောက်ကြိုးစလုံးတုန်နေတဲ့ ဂစ်တာတစ်လက်နဲ့
မတ်တပ်တင်းရပ်နေရတယ် ။ ကြယ်တွေကလည်း ခုညမှ ပိုကြွေကြသယောင်။
ပြတင်းပေါက်မှာ လမင်းမရှိရင် မှောင်တယ် ။ မီးလင်းနေတဲ့အခန်းဟာ ငါ့မျှော်
လင့်ချက်ပဲ ။ ဒေဝီရယ် ။ ငါတစ်ယောက်တည်း မနေရဲဘူး ၊ ငါနေမယ် ။ သီချင်း
တွေမေ့လို့ ၊ ကီးတွေပျောက်လို့ ၊ အာခေါင်တွေ ခြောက်လို့ ၊ ငါ ကြောက်တယ် ။
လာရာလမ်းအတိုင်း တိမ်တွေပြန်သွားချိန် ... ။


K သူ
Oct 30
2 0 1 5
( ရတနာပုံတက္ကသိုလ်ရှေ့ ၊ အိနြေ္ဒရှင် အဆောင်သို့ ... )