ခြေဆင်းမပါတဲ့ သီချင်းလို
နှင်းတွေကြား တစ်ယောက်တည်း
ဖောက်လွဲဖောက်ပြန် လွမ်းတယ် ။
ဖောက်လွဲဖောက်ပြန် လွမ်းတယ် ။
ရေပြင်ကိုကြည့်ရင်း
ကောင်းကင်ကိုကြည့်ရင်း
ငါလည်းမင်းကို မေ့တတ်သွားမှာပေါ့
တကယ်တော့ ဘာမှမသေချာ
ဘဝဟာ ဆည်းဆာထဲချုပ်ငြိမ်းခဲ့ချိန် ။
ကောင်းကင်ကိုကြည့်ရင်း
ငါလည်းမင်းကို မေ့တတ်သွားမှာပေါ့
တကယ်တော့ ဘာမှမသေချာ
ဘဝဟာ ဆည်းဆာထဲချုပ်ငြိမ်းခဲ့ချိန် ။
ချစ်သူမမှီတဲ့ လက်မောင်းတွေကို
တစ်ချောင်းချင်း စီရီခင်းကျင်းတဲ့အခါ
မျက်ရည်အင်းမှာ ၊ တံတားတစင်းဖြစ်ခဲ့ပြီ
ပင့်သက်မောနဲ့ ဗေဒါတွေမျှောပစ်ခဲ့ပြီ
ရင်ဘတ်မြစ်ကျိုး ၊ နှင်းမိုးသက်ကြွေ
နှင်းတွေ နှင်းတွေဆိုတာ မင်းခြေရာလို
ကိုယ့်ပေါ် စိမ့်ယိုခဲ့ပေါ့ ။
တစ်ချောင်းချင်း စီရီခင်းကျင်းတဲ့အခါ
မျက်ရည်အင်းမှာ ၊ တံတားတစင်းဖြစ်ခဲ့ပြီ
ပင့်သက်မောနဲ့ ဗေဒါတွေမျှောပစ်ခဲ့ပြီ
ရင်ဘတ်မြစ်ကျိုး ၊ နှင်းမိုးသက်ကြွေ
နှင်းတွေ နှင်းတွေဆိုတာ မင်းခြေရာလို
ကိုယ့်ပေါ် စိမ့်ယိုခဲ့ပေါ့ ။
ခပ်ဝေးဝေးက လှမ်းကြည့်ရင်
မြင်နိုင်တဲ့ ရှုမျှော်ခင်းမှန်သမျှထဲ
သောကကို သဲသဲကွဲကွဲတွေ့ရချိန်
ရေတိမ်နစ်သူ ။
မြင်နိုင်တဲ့ ရှုမျှော်ခင်းမှန်သမျှထဲ
သောကကို သဲသဲကွဲကွဲတွေ့ရချိန်
ရေတိမ်နစ်သူ ။
ငါ့ကို ခေါ်ပါ ... ငါ့ကို ခေါ်ပါ
နှုတ်ခမ်းကို ယောင်ကိုင်းနေအောင်ကိုက်ပြီး
မိုက်လုံးကြီးနေသူ ။
နှုတ်ခမ်းကို ယောင်ကိုင်းနေအောင်ကိုက်ပြီး
မိုက်လုံးကြီးနေသူ ။
ဆောင်းကို ဘယ်တော့မှမတောင်းတော့ဘူး
သင့်အစား လက်မောင်းပေါ်နှင်းတွေမှီနွဲ့ကြ
အဲဒီလိုနဲ့ မလှမပကြီး ကျကွဲသွားသူ ။
သင့်အစား လက်မောင်းပေါ်နှင်းတွေမှီနွဲ့ကြ
အဲဒီလိုနဲ့ မလှမပကြီး ကျကွဲသွားသူ ။
ဆောင်းလို့ တရိုတသေခေါ်ရတဲ့အကြောင်းကတော့
သိပ်ကို ပူပြင်းစရာကောင်းနေလို့ပါပဲ
ကျောင်းတော် ၊ တောင်သမန် ၊ သစ်ခြောက်ပင်အို
မကြင်လိုသူ၏ ခြေလှမ်းတို့သည်လည်း
ကုဋေတစ်သန်းသာ ထိုက်ပါစေတော့ ...
ဆက်လွမ်းရင်း ၊ ဆက်နွမ်းရင်း ၊ သီချင်းနဲ့
ညှင်းဖွဲ့ငိုရင်း ...
ဥတ္တရလေပြေနှင်းရေ ၊ ငါက
ညှင်းဖွဲ့ငိုရင်း ... ။
သိပ်ကို ပူပြင်းစရာကောင်းနေလို့ပါပဲ
ကျောင်းတော် ၊ တောင်သမန် ၊ သစ်ခြောက်ပင်အို
မကြင်လိုသူ၏ ခြေလှမ်းတို့သည်လည်း
ကုဋေတစ်သန်းသာ ထိုက်ပါစေတော့ ...
ဆက်လွမ်းရင်း ၊ ဆက်နွမ်းရင်း ၊ သီချင်းနဲ့
ညှင်းဖွဲ့ငိုရင်း ...
ဥတ္တရလေပြေနှင်းရေ ၊ ငါက
ညှင်းဖွဲ့ငိုရင်း ... ။
K သူ
Nov. 3
2 0 1 5
2 0 1 5