တယောလုလင် ...
ဂီတရှင်သည် ၊ ညပြင် သန်းခေါင် ၊
သခင်ဆောင်နန်း ၊ ရင်လောင်ကျွမ်း၍ ၊
အလွမ်းငွေ့အား ၊ သံစဉ်သွားနှင့် ၊
စကားရင့်ကျူး ၊ လရောင်ဦးဝယ် ၊
လွင့်လူး သွယ်ယှက် ၊ တေးသီမြွက်ကာ ၊
စက်ရာထက်ရှိ ၊ နတ်မယ်မိကို ၊
ငြိတွယ် ရင်ထဲ ၊ မေတ္တာကဲကြောင်း ၊
အသည်းပေါင်းနှင့်၊ လင်္ကာဖွင့်သည် ၊
သခင့်ပန်တော် မျှော်မိလည်း ။
သခင်ဆောင်နန်း ၊ ရင်လောင်ကျွမ်း၍ ၊
အလွမ်းငွေ့အား ၊ သံစဉ်သွားနှင့် ၊
စကားရင့်ကျူး ၊ လရောင်ဦးဝယ် ၊
လွင့်လူး သွယ်ယှက် ၊ တေးသီမြွက်ကာ ၊
စက်ရာထက်ရှိ ၊ နတ်မယ်မိကို ၊
ငြိတွယ် ရင်ထဲ ၊ မေတ္တာကဲကြောင်း ၊
အသည်းပေါင်းနှင့်၊ လင်္ကာဖွင့်သည် ၊
သခင့်ပန်တော် မျှော်မိလည်း ။
တယောလုလင် ....
ဂီတရှင်သည် ၊ အလင်္ကာတေး ၊
ရင်မှာရေးဆက် ၊ အသွေးသက်၌ ၊
ထွေးအပ် နှောင်ကြိုး ၊ ကျွမ်းအောင်စိုးထင့် ၊
အမျိုးရင့်သည့် ၊ အလွမ်းရှိကြောင်း ၊
မချိတောင်းပန် ၊ မပြောင်း ဖန်လဲ ၊
သံစဉ်ချွဲ၍ ၊ သခင်မေ့အား ၊
ည နေ့ များဆက် ၊ နရီခတ်လာ ၊
ထပ်ကာတလဲ ၊ တေးသံသည်းသည် ၊
အမြဲတစေ ခြွေသော်လည်း ။
ရင်မှာရေးဆက် ၊ အသွေးသက်၌ ၊
ထွေးအပ် နှောင်ကြိုး ၊ ကျွမ်းအောင်စိုးထင့် ၊
အမျိုးရင့်သည့် ၊ အလွမ်းရှိကြောင်း ၊
မချိတောင်းပန် ၊ မပြောင်း ဖန်လဲ ၊
သံစဉ်ချွဲ၍ ၊ သခင်မေ့အား ၊
ည နေ့ များဆက် ၊ နရီခတ်လာ ၊
ထပ်ကာတလဲ ၊ တေးသံသည်းသည် ၊
အမြဲတစေ ခြွေသော်လည်း ။
တယောလုလင် ....
ဂီတရှင်သည် ၊ သခင်မျက်နှာ ၊
မြင်သောခါက ၊ ဘာသာဖြေရူး ၊
မပြေ လူးလိမ့် ၊ တစိမ့်စိမ့် စွဲ ၊
သိမ့်သိမ့် လဲယိုင် ၊ မဉ္ဇူ ခိုင်ကြောင့် ၊
အပိုင် စောင့်မျှော် ၊ မနော်ဟရီ ၊
အဖော်မည်သော ၊ နတ်နွယ်နှောကို ၊
သဘောကြည်ဖြူ ၊ မေတ္တာဆူကြွ ၊
ပူဘဝနှင့် ၊ ကမ်းလင့် ကြွေရော် ၊
ခင့်ခြေတော်ရင်း ၊ အမျှော်ဆင်းသည် ၊
မငြင်းအဖြေ စောင့်သော်လည်း ။
မြင်သောခါက ၊ ဘာသာဖြေရူး ၊
မပြေ လူးလိမ့် ၊ တစိမ့်စိမ့် စွဲ ၊
သိမ့်သိမ့် လဲယိုင် ၊ မဉ္ဇူ ခိုင်ကြောင့် ၊
အပိုင် စောင့်မျှော် ၊ မနော်ဟရီ ၊
အဖော်မည်သော ၊ နတ်နွယ်နှောကို ၊
သဘောကြည်ဖြူ ၊ မေတ္တာဆူကြွ ၊
ပူဘဝနှင့် ၊ ကမ်းလင့် ကြွေရော် ၊
ခင့်ခြေတော်ရင်း ၊ အမျှော်ဆင်းသည် ၊
မငြင်းအဖြေ စောင့်သော်လည်း ။
တယောလုလင် ....
ဂီတရှင်သည် ၊ အကြင်နှမ ၊
ရင်မျှ ကဲပို ၊ အချစ်ချိုအေး ၊
အပျိုလေးထံ ၊ ရေးဆက် ပန်သ ၊
သံသရာ့ဘုံ ၊ စံရကုန်တော့ ၊
မဆုံ ဘဝ ၊ တစ်ခဏပင် ၊
မနေချင်သား ၊ လူ့ပြည်လျား၌ ၊
တရားမြိုက်ဆေး ၊ ရင်မထွေးလို ၊
အတွေးဆိုပြန် ၊ မြတ်နိဗ္ဗာန်လည်း ၊
မှန်ပင်မသွား ၊ စဉ်စောင့်စားမည် ၊
ဖုရားမဒီ ကြင်လိုလည်း ။
ရင်မျှ ကဲပို ၊ အချစ်ချိုအေး ၊
အပျိုလေးထံ ၊ ရေးဆက် ပန်သ ၊
သံသရာ့ဘုံ ၊ စံရကုန်တော့ ၊
မဆုံ ဘဝ ၊ တစ်ခဏပင် ၊
မနေချင်သား ၊ လူ့ပြည်လျား၌ ၊
တရားမြိုက်ဆေး ၊ ရင်မထွေးလို ၊
အတွေးဆိုပြန် ၊ မြတ်နိဗ္ဗာန်လည်း ၊
မှန်ပင်မသွား ၊ စဉ်စောင့်စားမည် ၊
ဖုရားမဒီ ကြင်လိုလည်း ။
တယောလုလင် ....
ဂီတရှင်သည် ၊ သခင်အပါး ၊
စဉ် ခစား၍ ၊ ရင်ငွေ့ခိုလှုံ ၊
ပျော်မွေ့ ဘုံတွင် ၊ ခုံမင်သီချင်း ၊
ရင်တွင်းဖြေဖျော် ၊ ရွှေနားတော်အား ၊
ရွေဘော်လားပင် ၊ သဘောထင်ပိုက် ၊
အကြင်စိုက်ပျိုး ၊ မကိုဋ်မျိုး သို့ ၊
ချစ်ကြိုးရစ်သွယ် ၊ ချစ်တစ်နယ်တည် ၊
ချစ်မယ်ရည်မှန်း ၊ လက်တော်ကမ်းခဲ့ ၊
အနွမ်းဘွဲ့နှင့် ၊ ရင်ဝယ်ပင့်သည် ၊
တစ်ပွင့်ပန်တော် ဖြေပါလှည့် ။ ။
စဉ် ခစား၍ ၊ ရင်ငွေ့ခိုလှုံ ၊
ပျော်မွေ့ ဘုံတွင် ၊ ခုံမင်သီချင်း ၊
ရင်တွင်းဖြေဖျော် ၊ ရွှေနားတော်အား ၊
ရွေဘော်လားပင် ၊ သဘောထင်ပိုက် ၊
အကြင်စိုက်ပျိုး ၊ မကိုဋ်မျိုး သို့ ၊
ချစ်ကြိုးရစ်သွယ် ၊ ချစ်တစ်နယ်တည် ၊
ချစ်မယ်ရည်မှန်း ၊ လက်တော်ကမ်းခဲ့ ၊
အနွမ်းဘွဲ့နှင့် ၊ ရင်ဝယ်ပင့်သည် ၊
တစ်ပွင့်ပန်တော် ဖြေပါလှည့် ။ ။
တယောသခင် ၊ အို ... လုလင်ရှင့်
သင့် နှမသည် ၊ တသ ရည်မှန်း ၊
ကတ္တီနန်းထက် ၊ လွမ်းလျက် ရင်မော ၊
မောင့်တယောသံ ၊ ညစဉ်ယံ၌ ၊
ဖန်ဖန်ကြားယောင် ၊ စွဲလမ်းနှောင်ငြိ ၊
နွမ်းအောင် ချိနဲ့ ၊ သတိမဲ့ကာ ၊
လေသာ ပြတင်း ၊ အမျှော်ညင်းသွဲ့ ၊
ဖော်ကင်းခဲ့သို့ ၊ မျက်ရည်စို့၍ ၊
သတို့သားကောင်း ၊ လာမည့်ကြောင်းကို ၊
ညပေါင်းတာရှည် ၊ စောင့်ခဲ့ပေသည် ၊
ဗျာပွေသောက နှောက်သော်လည်း ။
ကတ္တီနန်းထက် ၊ လွမ်းလျက် ရင်မော ၊
မောင့်တယောသံ ၊ ညစဉ်ယံ၌ ၊
ဖန်ဖန်ကြားယောင် ၊ စွဲလမ်းနှောင်ငြိ ၊
နွမ်းအောင် ချိနဲ့ ၊ သတိမဲ့ကာ ၊
လေသာ ပြတင်း ၊ အမျှော်ညင်းသွဲ့ ၊
ဖော်ကင်းခဲ့သို့ ၊ မျက်ရည်စို့၍ ၊
သတို့သားကောင်း ၊ လာမည့်ကြောင်းကို ၊
ညပေါင်းတာရှည် ၊ စောင့်ခဲ့ပေသည် ၊
ဗျာပွေသောက နှောက်သော်လည်း ။
တယောသခင် ၊ အို ... လုလင်ရှင့်
သင့် နှမသည် ၊ တသ မြည်တမ်း ၊
မဒီ နွမ်းနယ် ၊ ဆောင်ကြာလယ်၌ ၊
တသွယ်မိုက်မူး ၊ မောင့်ရင့်ကျူးသံ ၊
ရူးရပြန်အောင် ၊ သင်ကြံဆောင်အား ၊
မောင်ဖုရား၏ ၊ သာယာဘိသော ၊
သတိမောဖွယ် ၊ သံစဉ်နွယ်ကြောင့် ၊
တသွယ်နှောင့်နှေး ၊ စက်ရေးမရွှင် ၊
တွေးဘဝင်လည်း ၊ ရင်အသည်းမြိုက် ၊
မြင်မြဲ , လှိုက်ခုန် ၊ မေ့ရင်စုံဝယ် ၊
တုန်ရီ ရိုက်ဟီး ၊ ရတက်ကြီးသည် ၊
ပူမီးလျှံသော ညတွေလည်း ။
မဒီ နွမ်းနယ် ၊ ဆောင်ကြာလယ်၌ ၊
တသွယ်မိုက်မူး ၊ မောင့်ရင့်ကျူးသံ ၊
ရူးရပြန်အောင် ၊ သင်ကြံဆောင်အား ၊
မောင်ဖုရား၏ ၊ သာယာဘိသော ၊
သတိမောဖွယ် ၊ သံစဉ်နွယ်ကြောင့် ၊
တသွယ်နှောင့်နှေး ၊ စက်ရေးမရွှင် ၊
တွေးဘဝင်လည်း ၊ ရင်အသည်းမြိုက် ၊
မြင်မြဲ , လှိုက်ခုန် ၊ မေ့ရင်စုံဝယ် ၊
တုန်ရီ ရိုက်ဟီး ၊ ရတက်ကြီးသည် ၊
ပူမီးလျှံသော ညတွေလည်း ။
တယောသခင် ၊ အို ... လုလင်ရှင့်
သင့် နှမသည် ၊ ငွေဇာခြည် ခန်း ၊
ရွှေရည်ဆမ်း၍ ၊ ပန်းမွေ့ယာပေါ် ၊
မပျော်သောက ၊ ဗျာပါဒ နှင့် ၊
ညတာရှည်လျား ၊ စိတ်ထွေပြားမိ ၊
ဝေဝါးဘိသော ၊ မောင့်တယောသံ ၊
စောင့် , မောပြန်ရင်း ၊ လင်္ကာကင်းသည့် ၊
ညခင်း တရေး ၊ မပျော်မှေးစက် ၊
တွေးမက်ဘဝင် ၊ ထွေးအပ်ချင်ရဲ့ ၊
တမင် နွဲ့မူ ၊ မဟုတ်သူပါ ၊
ကြည်ဖြူ ကိုယ်တည်း ၊ မေတ္တာစီးသည် ၊
ခရီးအတူ လျှောက်ချင်လည်း ။
ရွှေရည်ဆမ်း၍ ၊ ပန်းမွေ့ယာပေါ် ၊
မပျော်သောက ၊ ဗျာပါဒ နှင့် ၊
ညတာရှည်လျား ၊ စိတ်ထွေပြားမိ ၊
ဝေဝါးဘိသော ၊ မောင့်တယောသံ ၊
စောင့် , မောပြန်ရင်း ၊ လင်္ကာကင်းသည့် ၊
ညခင်း တရေး ၊ မပျော်မှေးစက် ၊
တွေးမက်ဘဝင် ၊ ထွေးအပ်ချင်ရဲ့ ၊
တမင် နွဲ့မူ ၊ မဟုတ်သူပါ ၊
ကြည်ဖြူ ကိုယ်တည်း ၊ မေတ္တာစီးသည် ၊
ခရီးအတူ လျှောက်ချင်လည်း ။
တယောသခင် ၊ အို ... လုလင်ရှင့်
သင့် နှမသည် ၊ တစ်ကိုယ်ရည်တည်း ၊
မကြည်မီးတောက် ၊ ရင်ကိုနှောက်လည်း ၊
တစ်ယောက်သခင် ၊ တယောရှင်သာ ၊
ရင်မှာ စွဲထင် ၊ မိုးကောင်းကင် ဟု ၊
ဘဝင်နု မှ ၊ အယုယ တော် ၊
ခုည မျှော်တွေး ၊ အပျော်ထွေးမိ ၊
မဝေးသည့်ကြောင်း ၊ မယ်ဆုတောင်းခဲ့ ၊
ပေါင်းဖက်ရန်သာ ၊ သံသရာ ဝဲ ၊
ကြင်နာ ဆွဲကိုင် ၊ အသည်းစိုင်သည် ၊
တစ်ခိုင်ချစ်ပန်း ကမ်းချင်လည်း ။
မကြည်မီးတောက် ၊ ရင်ကိုနှောက်လည်း ၊
တစ်ယောက်သခင် ၊ တယောရှင်သာ ၊
ရင်မှာ စွဲထင် ၊ မိုးကောင်းကင် ဟု ၊
ဘဝင်နု မှ ၊ အယုယ တော် ၊
ခုည မျှော်တွေး ၊ အပျော်ထွေးမိ ၊
မဝေးသည့်ကြောင်း ၊ မယ်ဆုတောင်းခဲ့ ၊
ပေါင်းဖက်ရန်သာ ၊ သံသရာ ဝဲ ၊
ကြင်နာ ဆွဲကိုင် ၊ အသည်းစိုင်သည် ၊
တစ်ခိုင်ချစ်ပန်း ကမ်းချင်လည်း ။
တယောသခင် ၊ အို ... လုလင်ရှင့်
သင့် နှမသည် ၊ ရှောင်သွေဖီ၍ ၊
ပလီ မေတ္တာ ၊ စိုးထင့်ပါ၏ ၊
သစ္စာစစ်တည် ၊ တစ်ပွင့်သီမှ ၊
ဒီဘဝ တွင်း ၊ လွမ်းဆွေးကင်းစွာ ၊
ရင်ချင်း နားလည် ၊ လက်ချင်းတွယ်ယှက် ၊
တကယ်မြတ်နိုး ၊ အသက်စိုးပိုင် ၊
ချစ်ကြိုးခိုင်မြဲ ၊ မယိုင်လဲသည့် ၊
စွဲလမ်းမိကြောင်း ၊ မေတ္တာလောင်းကာ ၊
တောင်းရမ်းလက်ထပ် ဆောင်ပါလှည့် ။ ။
ပလီ မေတ္တာ ၊ စိုးထင့်ပါ၏ ၊
သစ္စာစစ်တည် ၊ တစ်ပွင့်သီမှ ၊
ဒီဘဝ တွင်း ၊ လွမ်းဆွေးကင်းစွာ ၊
ရင်ချင်း နားလည် ၊ လက်ချင်းတွယ်ယှက် ၊
တကယ်မြတ်နိုး ၊ အသက်စိုးပိုင် ၊
ချစ်ကြိုးခိုင်မြဲ ၊ မယိုင်လဲသည့် ၊
စွဲလမ်းမိကြောင်း ၊ မေတ္တာလောင်းကာ ၊
တောင်းရမ်းလက်ထပ် ဆောင်ပါလှည့် ။ ။
မင်းခသူ ( K သူ )