လီလီ့်ဆီ လီလီ

အတည်တကျ ဒီဘဝလွမ်းရဲပြီ 
သတိရခြင်း...များစွာကိုလည်း 
အားနားပါးနာ သိမ်းထားမယ် လီလီ ။
စက္ကူနဲ့ချိုးထားတဲ့ လူငယ်
လီလီ့ကို ဦးညွှတ်လိုက်ပါတယ် ။
သွားတော့ ... လီလီ
လီလီ ... သွားတော့ ။

သွားတော့ ...
နေညိုရထားတစ်စင်းပေါ်ကို
သွားတော့ ...
နှင်းတို့ဝေရာ ဒေသကို
သွားတော့ ...
ကျွန်တော့်ကို ထားခဲ့ပြီး
ကျွန်တော့်ကို ချန်ခဲ့ပြီး
ကျွန်တော့်ကို ခလုတ်ပိတ်ပြီး
ကျွန်တော့်ကို နှုတ်ပိတ်ပြီး
ဆောင်းတွေဆီ ... လီလီသွားတော့ ။
လရောင်နဲ့ဖုံးဖုံး
အမှောင်နဲ့ဖုံးဖုံး
အဲဒီအပြုံးတွေ လီလီယူသွား
အဲဒီအမုန်းတွေ လီလီထားခဲ့ ၊
စကားမဲ့စွာ ၊ နာကျင်ဝမ်းနည်းစွာ
ကျွန်တော်ခေါင်းခါနေကျ ဇာတာနဲ့ပဲ
ကဗျာဖွဲ့ရဲပြီ
သွားတော့ ... လီလီ
လီလီ ... သွားတော့ ။
သိမ်ငယ် ဦးညွှတ် ၊ ခွင့်လွှတ် ခွေယိုင်
တွေမှိုင် ဝမ်းနည်း ...
လီလီ့မှာ လမ်းခွဲခြင်းတို့ကင်းနိုင်ပါစေ ။
လီလီ့မှာ လကွယ်ညတို့လင်းနိုင်ပါစေ ။
ကျွန်တော်ဆုတောင်း ၊ ဘုရားကျောင်းခန်း
ခွင့်လွှတ်ခြင်း လီလီပန်းတွေ
မွှေးသက်တဝေဝေ ... ။

K သူ
Nov .4
2 0 1 5