ခြေရာမထင်ရစ်လေသော ဝေဒနာတို့၏
အရှင်သခင်ကိုသာ ကျွန်တော်လွမ်းမိသည် ။
စက္ကူလှေတို့ကိုလည်း ...
ရေတွင်မျှော၍ ကျွန်တော်ဖြေသိမ့်မည် ။
ရေတွင်မျှော၍ ကျွန်တော်ဖြေသိမ့်မည် ။
ကျွန်တော်ကိုယ်တိုင် မျောနေ၏
ကျွန်တော်ကိုယ်တိုင် လှိုင်းဖြစ်၏
ကျွန်တော်ကိုယ်တိုင်ပင် ရေပြင်ဖြစ်သည် ။
ကျွန်တော်ကိုယ်တိုင် လှိုင်းဖြစ်၏
ကျွန်တော်ကိုယ်တိုင်ပင် ရေပြင်ဖြစ်သည် ။
ကျွန်တော်ကား အဆုံးမရှိ
ကျွန်တော်ကား နတ္ထိ
ကျွန်တော်ကား စိတ်တခြမ်းမှောင်နေသော
ဒိဌိဖြစ်သည် ။
ကျွန်တော်ကား နတ္ထိ
ကျွန်တော်ကား စိတ်တခြမ်းမှောင်နေသော
ဒိဌိဖြစ်သည် ။
ကျွန်တော့်ရင်ဘတ်ပေါ်တွင်
လရောင်နှင့် တံလျှပ်ထနေသော
မှိုင်းပျပျရာဇဝင်လေးတစ်ခုရှိသည် ။
ထို့ကြောင့်ပင် ...
ကြေးမုံပြင်တိုင်းတွင် ကျွန်တော်မရှိ
ဂစ်တာသံတိုင်းတွင် ကျွန်တော်မရှိ
နာမည်ခေါ်တိုင်းလည်း ကျွန်တော်မကြား
သင်ကြားမှုတိုင်းလည်း ကျွန်တော်မသိ
အန္တိမအမှောင်တိုက်မှာ လောင်မြိုက်နေသော
ဖလံပိုးကား ကျွန်တော်မျိုးဖြစ်၏ ... ။
လရောင်နှင့် တံလျှပ်ထနေသော
မှိုင်းပျပျရာဇဝင်လေးတစ်ခုရှိသည် ။
ထို့ကြောင့်ပင် ...
ကြေးမုံပြင်တိုင်းတွင် ကျွန်တော်မရှိ
ဂစ်တာသံတိုင်းတွင် ကျွန်တော်မရှိ
နာမည်ခေါ်တိုင်းလည်း ကျွန်တော်မကြား
သင်ကြားမှုတိုင်းလည်း ကျွန်တော်မသိ
အန္တိမအမှောင်တိုက်မှာ လောင်မြိုက်နေသော
ဖလံပိုးကား ကျွန်တော်မျိုးဖြစ်၏ ... ။
အဖြေမကြွင်းရစ်လေသာ ဥပေက္ခာတို့၏
အရှင်သခင်ကိုသာ ကျွန်တော်မွတ်သိပ်သည် ။
အရှင်သခင်ကိုသာ ကျွန်တော်မွတ်သိပ်သည် ။
ကျောင်းတော်၏ တံတိုင်းတို့ကိုလည်း ...
ကျောခိုင်း၍ ကျွန်တော်မေ့ပစ်မည် ။
ကျောခိုင်း၍ ကျွန်တော်မေ့ပစ်မည် ။
ကျွန်တော်ကိုယ်တိုင် မေ့လျော့နေ၏
ကျွန်တော်ကိုယ်တိုင် သင်္ခါရတစ်ခုဖြစ်၏
ကျွန်တော်ကိုယ်တိုင် အနာတရတစ်ခုဖြစ်သည် ။
ကျွန်တော်ကိုယ်တိုင် သင်္ခါရတစ်ခုဖြစ်၏
ကျွန်တော်ကိုယ်တိုင် အနာတရတစ်ခုဖြစ်သည် ။
ကျွန်တော်ကား ဘေးမဲ့ခံ
ကျွန်တော်ကား မလွတ်လပ်သူ
ကျွန်တော်ကား ကြိုးတမျှင်နှင့်ရှုပ်ယှက်ခတ်နေသော
ပင့်ကူဖြစ်သည် ။
ကျွန်တော်ကား မလွတ်လပ်သူ
ကျွန်တော်ကား ကြိုးတမျှင်နှင့်ရှုပ်ယှက်ခတ်နေသော
ပင့်ကူဖြစ်သည် ။
ကျွန်တော့် နှုတ်ခမ်းဖျားပေါ်တွင်
ကြယ်ကြွေညများနှင့် လွဲချော်လေ့ရှိသော
ဆုတောင်းစကားတို့ရှိသည် ။
ထိုအတွက်ပင် ....
ငိုလျက်နှင်နေသောခရီးထဲ၌ သူနှင့်ဝေးခဲ့မြဲ
ဆုပ်ကိုင်ထားဆဲတွင် ဝိဉာဉ်နှယ် သူလွတ်မြောက်ခဲ့မြဲ
ဒူးထောက်တိုင်းလည်း သူပြန်မလှည့်
မော်ဖူးတိုင်းလည်း အခွင့်တော်မရှိ
သတိရမှုတိုင်းမှာ အရိုင်းပမာဖြစ်လာသော
ဂစ်တာကြိုးကား ကျွန်တော်မျိုးဖြစ်သည် ။
ကြယ်ကြွေညများနှင့် လွဲချော်လေ့ရှိသော
ဆုတောင်းစကားတို့ရှိသည် ။
ထိုအတွက်ပင် ....
ငိုလျက်နှင်နေသောခရီးထဲ၌ သူနှင့်ဝေးခဲ့မြဲ
ဆုပ်ကိုင်ထားဆဲတွင် ဝိဉာဉ်နှယ် သူလွတ်မြောက်ခဲ့မြဲ
ဒူးထောက်တိုင်းလည်း သူပြန်မလှည့်
မော်ဖူးတိုင်းလည်း အခွင့်တော်မရှိ
သတိရမှုတိုင်းမှာ အရိုင်းပမာဖြစ်လာသော
ဂစ်တာကြိုးကား ကျွန်တော်မျိုးဖြစ်သည် ။
ခင် ...
ရင်နှင့်မမျှသော ဝေဒနာကို
သေရွာသို့ ယူသွားရမည်ဆိုပါလျင်
ကျွန်တော် ယူသွားနိုင်ပါသည် ။
ခင် ၏ ...
တချက်မျှသော အကြည့်
တခွန်းတည်းသော စကားသည်
ကျွန်တော့်အား လွတ်ရာလွတ်ကြောင်းတရား
ကျွန်တော့်ဘဝ အေးရာအေးကြောင်းဓမ္မ
ထို့သို့ ခင် ... ကယ်မ၍
ခင် စွန့်လွှတ်သော အစိမ်းကြွေတစအဖြစ်
ကျွန်တော် နေရစ်နိုင်ပါမည် ...
ကျွန်တော် နေရစ်ခဲ့ပါမည် ... ။
ရင်နှင့်မမျှသော ဝေဒနာကို
သေရွာသို့ ယူသွားရမည်ဆိုပါလျင်
ကျွန်တော် ယူသွားနိုင်ပါသည် ။
ခင် ၏ ...
တချက်မျှသော အကြည့်
တခွန်းတည်းသော စကားသည်
ကျွန်တော့်အား လွတ်ရာလွတ်ကြောင်းတရား
ကျွန်တော့်ဘဝ အေးရာအေးကြောင်းဓမ္မ
ထို့သို့ ခင် ... ကယ်မ၍
ခင် စွန့်လွှတ်သော အစိမ်းကြွေတစအဖြစ်
ကျွန်တော် နေရစ်နိုင်ပါမည် ...
ကျွန်တော် နေရစ်ခဲ့ပါမည် ... ။
K သူ
Dec. 2
2 0 1 5
2 0 1 5