ပန်းရဲ့ လမ်း





လွင့်ကြွေမကျခင်တော့
ပွင့်ဝေပြ နေချင်ပါတယ် ။

ပန်းအသစ်မဆင်ရတဲ့ 
အလွမ်းသစ်ပင် ဘ၀ဆိုးမို့လည်း
ဪ ... ညှိုးလိုက်မယ်ကွယ် ။

နှောင်းနွေအစပေမယ့်
ဟောင်းကြွေသမျှနဲ့ မျက်ရည်နယ်
သက်ဝေရယ် မြင်လှဲ့စမ်း ။

သခင်မခူးလေတဲ့ ...
အပွင့်ဦးတွေ နွေဆန်လမ်းမှာ
တင့်ထူးမနေ ဝေရန်မလန်းသာတော့
အားလျော့ ကြွေနွမ်း ။

မင်းခသူ