ယသော်ဓရာ အနော်မာခြားပါ၍



ယသော်ဓရာ အနော်မာခြားပါ၍
မျှော်ပါအား မေ့မောင်
ဖော်ခွာသွား မတွေ့ရှောင်တယ်
ပြည့်အခေါင် ကြွမြန်း ။
ဉာဏ်ရဖို့ ဆန္ဒပြင်ကာ 
ကဏ္ဍကနှင် တောရပ်သို့လှမ်း။


သည်းသက်တို့ ကွဲအက်ပူအောင်
ခွဲရက်သူ ထွက်လမ်း
တွဲဆက်ယူ မဂ်နန်းသို့
မပျက်တမ်း မြန်းကာ ။
ပါရမီ ဗျာချီဖြည့်မယ်ကွယ့်
ကလျာမဒီမေ့ မေ့တော်မူပါ ။

ယသော်လွမ်း မျှော်တမ်းရှာတယ်
အနော်ကမ်းမဟာ စည်းခြားပြီမို့
ခရီးသွား မောဟလွတ်စင်
လောကထွဋ်တင် ၊
ချောနှမ သောကခင်ကို
သောဘဂဝါ့ရှင် ရှုဦးကွယ့်လေး ။

မင်းခသူ (သုံးချက်ညီတေးထပ်)