မာယာတောင်ခြေမှ
မောင်ရေ...လို့များ ၊ ခေါ်သလား ခင် ။
လမင်း သံစဉ် ၊ ကြယ်စင်ချော့ တေး
ကောင်းကင်မော့ငေးလို့ ဆွေးရတယ် ။
ရောင်စဉ် ခုနှစ်သွယ်
တောင်စဉ် ခုနှစ်ထပ်
သက်တံ့မျက်တောင်
ခင့်ယောင်ဆောင်တဲ့ ပန်းများ
အလွမ်းအဖြစ် ...
နှလုံးသားမှာ ပွင့်သစ်လို့ ။
K သူ