မီးပြတိုက် ...
လှိုင်းရိုက်ခံရတယ် ၊ ဖန်တရာတေ
မှောင်မိုက်နေတဲ့ကောင်က ညကို ငေးတယ်
သဲတရှပ်ရှပ် အမည်းစက်များနဲ့ရာဇ၀င်တွေလှန်လှော
ရှင်ပြန်မထမြောက်တဲ့ ဖဲနံပတ်တွေ ဘယ်သူ့မှမပြောဘူး
ညပေါင်းများစွာ
လ,ပေါင်းများစွာ
ကြယ်ကြွေပွဲများနဲ့ကြုံသည့်တိုင်အောင် ဆုမတောင်းမပြည့်
ကျမ်းစာအထပ်ထပ်ရွတ်ဖတ်သည့်တိုင်အောင် အကျွတ်တရားမရ
ငါဟာ ...
အ၀ိဇ္ဇာဘုံမှာဆိုပေမယ့် လိပ်ပြာလုံရဲခဲ့တယ်
မှန်တယ်ထင်ရင် ချိန်ခွင်ကိုလည်းဆောင့်ကန်ရဲခဲ့တယ်
ငါ့ခရီးတွေ ငါငုံခဲထားပေါ့
ပန်းတွေလိုတော့ အသေအလဲပွင့်ပြမှာ မဟုတ်ဘူး
ကိုယ့်တွင်းကိုယ်တူးတဲ့
တွင်းအောင်း သတ္တ၀ါ ၊
ငါ့ သံမဏိခွာသံတွေက
ငရဲမှာ ...
ဟိုး .... ငရဲမှာ ။
K သူ