ငါပျံသန်းမယ့် ကောင်းကင်တစ်ခုလုံး
အရှင့် ပါးကွက်ကြားနဲ့ဖုံးထားတယ် ။
သနပ်ခါးနံ့တွေနဲ့ပဲ ငါ့ကိုသတ်ပါကွယ်
မျက်စောင်းတွေလည်း မထိုးလိုက်ပါနဲ့
မင်းရယ်သံတွေထဲ ငါအရုပ်ကြိုးပြတ်ခဲ့
မင်းလက်ဖဝါးထဲ ငါကြေမွခဲ့
မင်းညှို့စားနိုင်လွန်းခဲ့တယ်ကွယ် ... ။
လက်ညှိုးညွှန်ရာ ငါဖြစ်ရသူပါ
ခုတော့ မီးသေသွားတဲ့ စီးကရက်လို
ကဗျာစာရွက်ကြားက ပန်းခြောက်တွေလို
သောက ကပိုကရိုနဲ့ပဲ
တလောကလုံးထဲ လွင့်.....ဝေး..... သွား
မင်းရဲ့ စိတ္တဇသမားက
စိတ်ချသွားပါပြီ ... ။
လွမ်းသူ့ပန်းခွေတွေနဲ့ ...
အမျှအတန်းပေးဝေစရာ
မလိုပါဘူးကွယ် ။
မတော်တဆများ သတိရရင် ...
အပြာရောင်စာအိတ်ထဲက ငါ့ကိုထုတ်ကြည့်
ကဗျာမတန်တဲ့ ကဗျာတစ်ပုဒ်အဖြစ်
ငါ ... ရှိနေဦးမယ် ။
K သူ
16 Nov 16