အကျွမ်းမဝင်ခဲ့ပေမယ့်
လွမ်းချင်တဲ့ သူပါ ။
အဖော်ကွာ အတွေ့ခက်
နေ့ရက် ရှည်ကြာ ။
သံယောဇဉ် တစ်မျှင်သာ
သခင်လာ ချည်အထုံး ။
တမ်းမဆုံးလေတော့
ပန်းကုံးတွေ တပြင်ပြင်နဲ့
မြင်လှည့်ပါဦး ။
လှမ်းမဆင်ဖွဲ့လေတဲ့
နန်းခင်နွဲ့ ဖြူပြာ ။
မမျှော်သာ အငွေ့သက်
မေ့လျက် နေပါ ။
ပြန်ပြောရင် ဘဝင်မှာ
အကြင်နာ ရှည်မဆုံး ။
နန်းမသုံးလေတော့
လမ်းဆုံးစေ သခင်နှင်ရဲ့
ကြင်ခဲ့ပါဦး ။
ပန်းသဇင်နဲ့နေမတဲ့
မြန်းချင်တဲ့ မူယာ ။
ကျွန်တော်သာ အမေ့ခက်
နွေ့ရက် နွေရွာ ။
စံသောအပင် သခင်ရှာ
သဇင်လွှာ ခြွေအကုံး ။
အနမ်းမှုန်းစေပေါ့
ပန်းကုံးကြွေ မမြင်ချင်တဲ့
(ခင်ရေ...)
နှင်လှည့်ပါဦး ။
မင်းခသူ (ကိုယ်တွင်းပြည့်အချိုးတွဲ)