စံပယ်လဝန်း



အာကာအိမ် ဆံမြိတ်ဦးမှာ
မာယာတိမ် အရိပ်ကျူးတာမို့
အဆိပ်မူးရှာသလား မောင့်သော်တာ 
စိတ်ကူးကဗျာသမား စောင့်မျှော်ရာ ။


ဘယ်တောင်ကွယ် ဘယ်တိမ်လျှိုး
ကြယ်ရောင်ပြယ် ကြယ်မှိန်ညှိုးလေမှ
မိုးအာကာ မျှော်...မျှော်အကြည့်
ဪ ... အတိဝေဒနာ ။

အမှားမြင် ... 
ဖုရားသခင် ငြိုငြင်လှသလား
သနားလျင် ကိုယ်ထင်ပြအားပါတော့
ဟိုအရင်ညများမှာ တကယ်ရွှန်းပါရဲ့
စံပယ်လဝန်း မှုန်းလဲ့ပြာ ...
သုဉ်းတဲ့ကဗျာ အခုဘဝလည်း
ဪ ... ထုံးဖွဲ့လာ သမုဒယငရဲ ။

ခုတော့ ... ယုန်ရုပ်သခင်
ဝသုန်တခွင် အာကာစောင်းကို
ပုံပြင် မာယာလောင်းပါလို့
ပြောင်းတစ်ခါ လာခဲ့တမျိုးနဲ့
ဆောင်းမှာရွာတဲ့ မိုးလို
တိုးတိုးရွာ တိုးတိုးတိတ်
တိမ်ဆံမြိတ် ခိုချင်ခိုလို့
ဟိုအရင် စံပယ်လဝန်းကို
မြကျွန်းညို သီလာဦးမှာပေါ့
ဖူးခွင့်မသာ မြင်ခွင့်မကြုံပြီမို့
ရင်နင့်ရုံ ကြိတ်ဖြေဆဲမှာ
ကြေကွဲတာပဲ ။ 


မင်းခသူ
Nov 21, 16