ဝေဒနာဆောင်း ၊ ခြေရာဟောင်းသစ်
နှောင်းခေတ်ပြာရီ ၊ဗျာကသီ လွမ်း ...
ခါမှီ ကျွမ်းမြ ၊ နွမ်းလျ ငြင်ငြို
သခင် ခိုသော ၊ ရင်ဖို ဇောကြွ
မောဟ ပင်လယ် ၊ စံပယ် ကြွေသုဉ်း
နွေတနှုန်းဆောင်း ၊ အရှုံး ကြောင်းကံ
ပြောင်းပြန် အိမ်မက် ၊ မှိန်သက် ခိုတွဲ
မပြိုလဲခင် ၊ အသည်းပင်ရှိ
ဘဝင်၏ ပန်း ၊ ဆင်ကြည့်စမ်းလေ
အနမ်းခြွေပါ ၊ ဝေဒနာ လှစ်
သွေခွာ ပစ်နှင် ၊ အသစ်ဆင်မည့်
ချစ်ခင်သည့် သူ ၊ ကြည်ဖြူ ရွှင်ပျ
မြင်ရ တချက် ၊ စက္ကန့်ဝက်ပင်
တစ်သက်ထင်၍ ပျော်ပါ့မယ် ။
မင်းခသူ
15 Nov 16