ကိုယ် .... လွမ်းမြိုက်သေဆုံးသွားရှာပေါ့
အလင်းတန်းလန်းနဲ့ ကြယ်ကြွေခန်းတွေလိုလည်း
ကိုယ့်မှာ မရှိခဲ့ပါဘူး ။
မင်းစိုက်ပျိုးခဲ့သော စံပယ်တွေ
မိုးရေချိုးဖို့ ပွင့်နေကြပြီလား ...
ကိုယ့်တမလွန် ၊ ရနံ့တစ်စက်လောက် သွန်ပါ ။
အထီးကျန်ဘုံကို ၊ ဗုံတီးဖျော်ဖြေသူပါကွယ်
ကဗျာတွေရေးရင်လည်း ရေးနေဦးမယ်
ကဗျာတွေရွတ်ချင်လည်း ရွတ်နေဦးမယ်
ခါးသီးကွဲရှတယ် ဆိုပေမယ့်
စေတန်ရဲ့ တရားဓမ္မကိုပင်
မင်း ချစ်သောနားနဲ့ဆင်ခဲ့သေးတာပဲ
ကိုယ့်ကိုမေ့ဖို့ ...
ကဗျာတွေ ရွတ်ချင်လည်း ရွတ်ပါ
ဒါမှမဟုတ်ရင် ...
ကဗျာတွေ နားဆင်ချင်လည်း နားဆင်ပါ
အဲဒီ ခရမ်းပြာနေ့မှာ ၊
ကိုယ့်ကိုမေ့ချင်လည်း မေ့သွားနိုင်မှာပါ ။
K သူ
Sep 18. 2016