သည်သောင်ခြေဦး




သည်သောင်ခြေဦး
ဒီမောင်ကြွေဖူးပါပြီလေ ... ။

လွမ်းရစ်စေ အမျှော်,အတ
ကမ်းမြစ်အခြေ မပျော်ဘ၀နဲ့
ခေါ်သမျှတွေ အရာမထင်သမို့
ကဗျာသခင် ခြေကြွမမြန်းပါမှ
(ဝေသမျှ ကြွေကျနွမ်းနေတဲ့ )
မြေ,ခ ပန်းတွေ ... ။

မျက်ရည်ပွင့်တဲ့  သည်သောင်ငွေ
ဒီမောင်ဖြေ တိတ်တိတ်ရူး ။

ဪ ... မလွမ်းဘူးဆိုပေမယ့်
အနွမ်းဆူးတွေ ရင်ဝယ်ဆင့်ပန်လို့
မခင်တွယ်သင့်သူ အဆိပ်ပန်းကိုမှ
စိတ်ကျွမ်းအောင် အချစ်ပင်စိုက်ဖူးသူမို့
(သည်သောင် သည်ကမ်းမှာဖြင့်ကွယ်)
လွမ်းလိုက်လေဦး ... ။

မင်းခသူ