လ,ကား မထွက်
ည ကား နက်၏ ။
တိမ်လျှပ် ဖြူလွ
အိမ်မက် ပူကြ၏ ။
မနောကံ အပြစ်
တယောသံ ဖြစ်၏ ။
မိုးနှောင်းတည်း ....
အငြိုးအစောင်းကြီး၏ ။
ပုံပမာသည်အခြေ
မှုန်ပြာ ရီဝေ၏ ။
ပန်းနံ့သာမခင်
ခရမ်းပြာ မြင်၏ ။
ပန်းတောင်ခါးပန်း
လွမ်းရောင်သမ်း၏ ။
ငွေကြယ်တစ်ခင်းသည်
သွေဖယ်ခြင်းမည်၏ ။
ဉာဥ့်ငှက်ဆိုးတို့ အသံ
ပင့်သက်ခိုးတို့ လျှံ၏ ။
မိုးနှောင်းရတက်
ကြိုးစောင်းပြတ်၏ ။
အနမ်းရာတည်း
ခရမ်းပြာမီး လောင်၏ ။
မချူစေသား
သူစေစား၏ ။
ပုလဲ မျက်ရည်
ငရဲဇာတ်ရှည်၏ ။
စုံနံ့သာ သီချင်း
မဆုံရခြင်းမည်၏ ။
ကြယ်ပုခက်ဆင်လွှဲ
ဆယ်သက်ရင်ကွဲ၏ ။
အချစ်နတ်ဖုရား
စစ်မက်ပွား၏ ။
အကျဉ်းစံစိတ်
သီချင်းသံတိတ်၏ ။
ညမှောင်အရိပ်
လရောင်ဆိတ်၏ ။
အို ...
ဆိတ်သုဉ်းညတည်း ။
သစ္စာ ဆိတ်သုဉ်းညတည်း
မေတ္တာ ဆိတ်သုဉ်းညတည်း ။
ဂရုဏာ ဆိတ်သုဉ်းညတည်း
အနုပညာ ဆိတ်သုဉ်းညတည်း ။
အလင်္ကာ ဆိတ်သုဉ်းညတည်း
မင်္ဂလာ ဆိတ်သုဉ်းညတည်း ။
အကြောင်းကံ ဆိတ်သုဉ်းညတည်း
စောင်းသံ ဆိတ်သုဉ်းညတည်း ။
နမ်းခွင့် ဆိတ်သုဉ်းညတည်း
ပန်းပွင့် ဆိတ်သုဉ်းညတည်း ။
ရင်ထဲ
တငွေ့ငွေ့တောက်လောင်သော
ခင် မှလွဲ၍ ...
အရာအားလုံး ၊ ဆိတ်သုဉ်းညပါတည်း ။
မင်းခသူ