သည်ဆောင်းဟေမာန် လွမ်းအောင်ဖန်လေသည်




သည် ရာသီ နှောင်းတိတ်က ၊ ကျောင်းပိတ်စ ရက်မှာ ၊
ဆောင်း ရိပ်မှ ရတက်ဖြာတယ် ၊ စက်ရာဝယ် ပျော်ဘူး ၊
ဟေ မန္တ ညခင်းမှာ ၊ လမင်းဝါမြင်မှ ရင်မူး ။
မာန် ဝင့်ဝင့် ပန်းဝေဖြာ ၊ လန်းစေပါ ရည်စူး ၊
လွမ်း တွေသာ သီခူးတော့ ၊ မကြည်ဘူး စိတ်တွေ ၊
အောင် သပြေ စိန္တေမြတ် ၊ ထိန်ဝေကပ် ဆုပန်ခြွေ ။
ဖန် လေတဲ့ ကြမ္မာပွေ ၊ ကဗျာတွေ မြေမှာ ခ ၊
လေ လာမှ ပန်းကမ္ဘာဝယ် ၊ နန်းကလျာ ရယ် ၊
သည် ဘဝတော့ ပူဗျာကြွယ် ၊ သူငါလယ် ပျော်ဘူးကွဲ့လေး။

___________(တစ်ထပ်ကြော့ပုလဲသွယ်တေးထပ်)
မင်းခသူ