နိဂုံး




မဖြစ်နိုင်ဘူးလို့
ချစ်ပိုင်ဦးမို့ ပြောရက်တယ် ။

ဒီလို လွယ်လွယ်နဲ့တော့
တကယ်ပင် ပြတ်နိုင်ပါဘူး
သက်ပိုင်ညှာဦးရယ် ။

သံယောဇဉ်ကြိုး ဆိုတာက
မြတ်နိုးရင် အဖြတ်ခက်မယ့်
ပတ်သက်တဲ့ နွယ်ပါ နွယ်
ရင်မှာကွယ် ဆေးမင်ထိုး ။

ခုတော့ 
သမုဒယ မခင်
အယုအယ မမင်တော့
တတွင်တွင် ဝေးကွာစို့ရယ်လို့
ပြေးခွာဖို့ သခင်နှင်သလား
ရင်ကြားမှာ ဒိုင်းအကာမရှိပါဘူး
တိုင်းထွာကြည့် သခင်သိရင်ပေါ့
အပူမိရင် ပန်းတွေဆိုတဲ့အမျိုးက
(သူ့ခဗျာ) ... အနွမ်းကြွေနဲ့ အညှိုး ။

မင်းခသူ