ရေစက်ဆုံတဲ့ အကြည့်တိုင်းမှာ
မျက်ရည်တွေ ခိုတွဲနေလေ့ရှိတယ် ။
သူ့အကြောင်းတွေးရင်
ဂစ်တာတစ်လက်ထောင်ထားတဲ့အတို င်း
ဘယ်ဂီတမှ ဒေါင်ချာစိုင်းမနေတတ်ဘူး ။
ဧည့်ခန်းထဲမှာပဲဖြစ်ဖြစ် ၊ ပန်းအိုးလေးထဲမှာပဲဖြစ်ဖြစ်
အချစ်ကြောင့် ဝေ့သီနေတဲ့ အလွမ်းငွေ့ငွေ့လေးရှိပေါ့ ။
နာမည်တပ်မထားဘူး ၊ လက်မှတ်လည်းမပါဘူး
ဘယ်က၀င်လာမှန်းမသိတဲ့ လေညင်းတွေထဲမှာ
ကိုယ်သင်းရနံ့တို့ တခါတရံပါလာပြန်တယ် ။
်
ရေဒီယိုလေးဟာ ဘယ်လောက်ပင်အိုမင်းမင်း
ချိုမြိန်ငြိမ့်ညောင်းတဲ့ သီချင်းကိုပဲ မြည်တယ် ။
နတ်ပြည်ကပဲရွာရွာ ၊ ငရဲကပဲရွာရွာ
ရွာသမျှမိုးရေတိုင်းဟာ သူ့သမိုင်းနဲ့သူ
တိမ်တွေရဲ့ပင်ကိုယ်အရောင်ဟာ အဖြူပဲ
ချစ်သူက စံပယ်ပဲပန်တယ် ။
ဘာပဲဖြစ်ဖြစ် ကိုယ်ဟာ
ကာလသုံးပါးထဲမှာ လွမ်းရဲပါတယ်
(လို့လည်း) ရဲဆေးတင်ထားလိုက်ပါမယ် ။
ရေစက်မဆုံတဲ့အကြည့်တိုင်းမှာလည်း
မျက်ရည်တွေ ခိုတွဲနေတတ်ပါတယ် ။
K သူ