သောကဝါဆို




အလှမ်းဝေးသမျှတော့
လွမ်းဆွေးရတာပါပဲ မိဝါဆို ။

ကျွမ်းသူကို မန်းသူ ငြိုးပြီပဲ
မိုးတွေလည်း စို ။

ကျုံးနဘေး အပြုံးလေးငို
ဖုန်းကလေးကို သူပိတ်ထား ၊
နှလုံးဆွေး ရုန်းပြေးသလို
ဟိုးအဝေးကို သူထွက်သွား ။

ဪ ... အခုမှ
သမုဒယရွာ ဒီရင်ကျွမ်းအောင်
ရှင်ခန်းဖြတ်သလား ။

မင်းခသူ
(ဆရာမောင်ပေါက်စည် မန်းတက္ကသိုလ်ရဲ့
လွမ်းရာသီကို ခံစားရေးဖွဲ့ )