ကေသရီ ခြင်္သေ့မရဲ့
မြေမဟီ ရင်ငွေ့မြမှာ
စဉ်နေ့ည လှုံချင်သူ ။
ယုန်သူငယ် အိမ်မက်များ
ယုံမလွယ် စိန်ထက်ရှားလို့
သက်ထားကို ပန်လိုလှ ...
အန္ဓ ဒီလူ ။
သံသရာ့ သံသယအပူ
ခံရသူ အဖော်သွေပြေး
မာန်မချ မြန်မကြွ မကူ
ထံဖုရာ့အမူ မျှော်လေဝေး ။
လွမ်းမျော်ရာ မကုန် ...
ပန်းမှော်ပြာရုံ ဝတိံအဆုံးက
စန်းသော်တာယုန် တိမ်အဖုံးမှာ
မရုန်းသာ ပရိဒေဝအပူနဲ့
ငြိရသူ ဆွေး ... ။
မင်းခသူ
Nov 30
2 0 1 6.