သမုဒယ ည နရီ


 

ခင် ဟု ... 
ရင်ထု မနာ ၊ ကြယ်ကြွေရာ ကြည့်
ဖွေရှာသည့် ကိုယ် ၊ လ, ငြင်ငြိုဝန်း
သင် ဆိုညွှန်းလေ ၊ နှုတ်ခွန်း ခြွေပါ
ဝေဒနာ " နောက် " ၊ သောက " မြောက် " ရပ်
ခြောက်ကပ် " တောင် " ကျွန်း ၊ အမှောင်စွန်း " ရှေ့ "
မျက်ဝန်း ဝေ့သီ ၊ မျက်ရည် ဝိုးဝါး 
ပိုးသား အိမ်မက် ၊ မှိန်သက်လန့်နိုး 
နှင်းခိုး လေပြေ ၊ မောင့်ထံ စေကာ
ဖြေကြားပါကွယ် ၊ သခင် ဘယ်ရပ်
မသိတတ် သူ ၊ ငြိယှက် ဆူ ကြွ
အပူစ နွယ် ၊ ကူ,မ ကယ်ဖို့
တနယ် တိမ်းပါး ၊ မောင့်စိမ်းကား ခင်
ကြား, မြင် သိနိုး ၊ ဦးနှိမ်ကျိုးခဲ့
မိုး နဲ့ မြေပြင် ၊ ရှစ်ခွင် ရော်ရမ်း
ချစ် " ခင် " တမ်းတ ၊ လွမ်းသမျှကို
မှန်းဆ ငို​ကြွေး ၊ ဘုန်းဖွဲ့ တေးသီ
နရီ ဆိတ်သုဉ်း ၊ စည်းဝါး ဆုံးပျောက်
နှလုံး ခြောက်ခြား ၊ ခင် နင်းသွားသည့်
ပန်းများ ဘဝ ၊ နွမ်းပါး ညဟာ
အဝိဇ္ဇာထက် မှောင်တကား ။

မင်းခသူ
27 Nov
2 0 1 6