မိုးမျှော်မိမှ



အငြိုးတစ်ချက်အတွက်
မိုး တစ်စက်နှစ်စက် ရွာ ။

မိုးမရွာ မိုး ဘာကြောင့်
မိုး ... မောင့်ဒေ၀ါ ။

မိုးမျှော်မိမှ မိုး မသဒ္ဓါ
မိုးအဇဋာ မာယာများ ။

မိုး ... မိုး မျှော်လို့
တိုးတိုးဖော် သခင်အဝေးမှာ
ရင်ဆွေးကာ ညှိုးမဆုံးတော့
ဪ ... မိုးမုန်းပြီလား ။

မင်းခသူ