နှင်းချို ချူသောကြယ်စင်ငယ်




လခြမ်းအ၀ါတွေ ကောင်းကင်အဆက်ဆက်မှာ ပွင့်ခဲ့ကြ။
နှလုံးသားမှာ ကဗျာညွန့်တွေနုနုဝေေ၀နဲ့
ဤလူသားလည်း လောက အတွက်ပွင့်လာ။
မနက်ခင်းတွေကို လက်တစ်ဖက်နဲ့ဆုပ်ကိုင်
ကော်ဖီခွက်ထဲကဗျာအတွေးတွေထည့်ဖျော်
တိမ်သားတွေဆီကလာတဲ့တယောသံမျိုးနဲ့ဝေးရရင် ၀မ်းမနည်းတတ်အောင်နေထိုင်။
အရေပြားအောက်မှာ
မြှုပ်ထားတဲ့ကိုယ်ပိုင်ကဗျာရွတ်သံကို ဆွဲထုတ်ဝတ်ဆင်ပြီး လုံခြုံလှပ လိုက်
တစ်ကိုယ်တည်း လှပ လိုက်။
ကဗျာဆရာအတွက်ဆို ကံတရားက နိမိတ်ပုံလှလှနဲ့ရောက်လာတာမျိုးရှားတယ်။
စိတ်ကနေကွာကျခဲ့သမျှခြေရာအမှားတွေကို
အတိတ်လို့ကင်ပွန်းတပ်ပြီးမေ့ပစ်ခဲ့။
နှင်းချိုတွေခပ်စိပ်စိပ်ရွာချပေးဖို့
ဒီဆောင်းနှောင်းမှာ သင်ရောက်လာခဲ့။
လက်ချောင်းတွေနဲ့ ကမ္ဘာမြေပေါ်အလင်းပေါက်တွေ တောက်ချခဲ့ပါ ကြယ်စင်ငယ်။

ဇူးမြတ်ထွန်း(z-dayi)
2.1.2016 SAT