မြနန္ဒာ မုန်းကာမေ့ပေမယ့်
ဆုံးပါစေ့ ကမ္ဘာမြေ
ပုန်းသာသရွေ့ ရှာဖွေမယ်
ဗျာပါတွေ နှောင်လည်း ။
သောကရက် အသင်္ချေဟာ
မကြင်သွေ ခင်မုန်းလို့ပဲ ။
မေတ္တာတိမ်း ယိမ်းရာ
သူစိမ်းမှာ တကိုယ်တည်း
မငြှိမ်းသာ အငိုပွဲလယ်က
ထိုငရဲ မီးလျှံ ။
သည်းဦးငုံ ကြွေမလွင့်ခင်တော့
ပြေစေချင့် အမုန်းနဲ့မာန် ။
ငြိုးလေတဲ့ ပင်တိုင်စံကို
ကြင်ပိုင်ရန် မလှမ်းထိုက်ပြီမို့
ပန်းမကိုဋ် စောင့်ရ သံသရာ
မောင့် မြနန္ဒာ ။
မြင်စမ်းလှဲ့ သည်းနှစ်မွှာကို
ခွဲကာသာ ရှုဦးတော့လေး ။ ။
မင်းခသူ