နွေမပီ ဆောင်းမထွက်သေးချိန်
ရွှေရည် ဟောင်းသက်ဆွေးမှိန်တဲ့
ညောင်းရွက်ကလေးတွေရဲ့ ခြေရာ ။
ကြွေရော်ပါမည် နှောင်းအတိတ်မှာ
ဖေဖော်ဝါရီ ဆောင်းအရိပ်ဟာလည်း
ကျောင်းပိတ်ကာ အိမ်ပြန်သွားမယ့်
ဝတိံယံဖျားရဲ့ နှင်းအဆုပ်တွေကို
(သီချင်းတစ်ပုဒ်နဲ့) နှုတ်ဆက်နေရှာ ။
ရွက်ကြွေ အညုစခန်းတွေကလည်း
သက်ဝေ သူ့အနမ်းတွေလိုပါပဲလားလို့
လွမ်းစရာ ထင်ယောင်မှားလေသမျှ
သွားခြင်းနဲ့ နှမရောက်မလာခြင်းတွေ
သိကြားမင်းရဲ့ မြကျောက်ဖျာတင်းစေဖို့
ကိုယ်စားနှင်းတွေ ပြောပေးပါ ...
အဆွေးခြေရာ ပါးပြင် " ချောင်း " ။
ရွှေရည် ဟောင်းသက်ဆွေးမှိန်တဲ့
နွေမပီ ဆောင်းမထွက်သေးချိန်ရဲ့
ညောင်းရွက်ကလေးတွေဖွဲ့ ဒေသနာသီချင်း
ဆောင်းအပျက်ကလေးတွေနဲ့ ဝေဒနာနှင်းကို
ဖွေရှာရင်းနွေရောက်ခဲ့သူမှာ
မဖြေသာခြင်းပွေနှောက်တဲ့ ပူဗျာပါနဲ့
သူလာရာ အတိတ်ကျောင်းတံခါးဆီ
အရိပ်ဟောင်းများမှီရင်း
နွေမပီတပီ ရွက်ကြွေဆောင်းအယွင်းနဲ့
သွေဖီသူ သက်ဝေအကြောင်းငြင်းခဲ့တာမို့
(အလွမ်းနဲ့ ကိုယ့်မှာ ... )
မကင်းရာ ၊ မကင်းကြောင်း ။
မင်းခသူ
Feb 16
2 0 1 7