အ ပြစ်ရှာ ပစ်ခွာဖို့ ၊ မေတ္တာမြို့ အပြင်
ချစ် မညှာလို့ နှင်ချင်သည် ၊ မကြင်ပြီ ရှောင်တိမ်း ။
ဦး ဆွေးမြေ့ ရာသက်ပန် ၊ ညာရက်ပြန် ကတိခြွေသိမ်း။
သို့ ပေမယ့် မေသက်လယ် ၊ ဖြေခက်ဖွယ် မမေ့ကိန်း
ရွှေ လက်သွယ် သွေ့ယိမ်းတော့ ၊ အတွေ့စိမ်း စကားမပြန်
နား မနီး ခါးသီးလျက် ၊ မတားဆီးရက် မေ့ရာဇသံ ။
တော် မဝင့် မျှော်လင့်ရန်သာ ၊ ခေါ်ခွင့်အမှန် ကင်းပပြီမို့
သွင်း ကဗျာ့ ဆွေးစာရင်းသီ ၊ တေးညှင်းမမီ ၊
ဧချင်း ဖွဲ့ စောင့်နေမည်ကွယ် ၊ မောင့်ဧကရီ သိဦးကွဲ့လေး ။

မင်းခသူ (တထပ်ကြော့ပုလဲသွယ်တေးထပ်)
- ဂီတစာဆိုမောင်ဆွေနွယ်ရေးဖွဲ့ပြီး ကိုတင်လှိုင်သီဆိုခဲ့
တဲ့ အချစ်ဦးသို့ရွှေနားတော်သွင်းဧချင်း ကို တေးထပ်ရဲ့
ခေါင်းစဉ်အဖြစ်ပြန်ရေးထားတာဖြစ်ပါတယ်။ တေးထပ်
မ-ပိုဒ် အစစာလုံးတွေကို စီတန်းဖတ်သွားမယ်ဆိုပါက
" အချစ်ဦးသို့ရွှေနားတော်သွင်းဧချင်း " လို့တွေ့ရမှာဖြစ်
ပါတယ် ။ ခံစားဖတ်ရှုပေးလို့ ကျေးဇူးပါ ... ။