မကြင်တိမ်းလို့
သခင်စိမ်းပါပြီလားလေ ။
ဝေဒနာသည် ဘဝင်နွမ်းဖို့
နွေရွာအလယ် ရင်ကျွမ်းအောင်
ရှင်ခန်းတွေ ဖြတ်လိုသလား
(ကိုယ့်ကို) သတ်သာသွား မေ။
ငြင်ငြိုလို့ပဲ စိမ်းစိမ်း
မကြင်လို့ပဲ တိမ်းတိမ်း
မခင်လို့ပဲ ယိမ်းယိမ်းပေါ့
စိမ်းတော့ပြီ ဆိုတော့လည်း
တိမ်းတော့ပြီ ဆိုတော့လည်း
ယိမ်းတော့ပြီ ဆိုတော့လည်း
လွမ်းရဲမယ့် အားအင်တွေ
ထားသခင်မေ ပေးခဲ့ဦး ။
ဆုံးသက်တိုင်
မုန်းရက်နိုင်ပြီ ဆိုတော့လည်း
ရုန်းထွက်နိုင်ပြီ ဆိုတော့လည်း
အသည်းကိုပဲ သုံးသုံး
နှလုံးကိုပဲ ခြွေခြွေ
ထားရာနေ စေရာသွားသူဘဝမို့
မတားပါပေ သွေခွာထားခဲ့ပါတော့
မေတ္တာကို အသုံးတော်ခံရတဲ့
အမုန်းခံ လူတန်းစားသာ
အရှုံးကံ အပူလမ်းကြားမှာ
နွမ်းသက်ကာ ကြွေမသုဉ်းခင်တော့
သြော် ... လွမ်းရက်ရှည်တုန်း ။ ။
မင်းခသူ