တဆောင်းသစ်ပြန်ပြီ ။
ဝေဒနာ ဖြေစရာကင်းတဲ့
နှင်းရဲ့ ရာသီ ။
ဆောင်းအိမ်မက် ပြာပြာရီ
ဗျာပါချီ ပုံပြင်များ ။
မျှော်ခဲ့ပေမယ့်
ဖော်မဲ့သူ အငိုအလွမ်းညဟာ
ပိုချမ်းလှတကား ။
တဆောင်းသစ်ပြန်ပြီ ။
နှင်းပုလဲငယ် စံပယ်တုံးမှ
တကယ်မုန်းပါမည် ။
ဆိုဖူးတဲ့ ကြင်ပျိုမဒီ
မြင်လိုသည် တဒင်္ဂ ။
နှင်းတိုးသက်လို့
ခိုးဝှက်ကာ အငိုမွေ့လေမှ
ပို၍လွမ်းလှ ။
တဆောင်းသစ်ပြန်ပြီ ။
နှင်းစက်တွေ စုတ်ချက်ကြမ်းလို့
နှုတ်ခမ်း ပြာရီ ။
အသည်းခိုက် ပန်းလျသည်
ချမ်းလှပြီ ဆိုပေမယ့် ။
နှင်းအဆင်း အကြွေလေးနဲ့
မင်းသတင်း လေအသွေးမှာ
ကိုယ်...နွေးပါရဲ့ ။
မင်းခသူ
ဂီတစာဆိုကိုသန်းလှိုင်၏ တဆောင်းသစ်ပြန်ပြီ သီချင်း
ခေါင်းစဉ်အား ယူသုံးထားပါသည် ။