မြပုဏ္ဏမာ


မြပုဏ္ဏမာ
စိတ်ထဲတောင် မှောင်နေတဲ့ညပါ
အ,ကာလလို့ မပြောရက်ဘူး ...။

တနေ့လာနိုး
တနေ့လာနိုး
ခေါက်ရိုးကျိုး ယုံကြည်ချက်တွေ
အဟောင်းရနံ့ရတဲ့ ညနက်တွေနဲ့
ကြယ်တွေ အိပ်တန်းတက်ချိန်အထိ
ငါ သတိရဖို့ ၊ မမေ့ဘူး ။

မြက်ဖျားစိမ်းလေး ယိမ်းသွားပုံကအစ
Diary စာအုပ်လေး ဝါကျင်သွားပုံအဆုံး
မုန်းစရာ ကောင်းတယ် ။

နှလုံးအိမ်ထဲထွန်းညှိထားတဲ့ မီးပါပဲ
ဟိုတုန်းကလို တကိုယ်လုံးလောင်ဆဲ ။

ချစ်သော ခရေရွက်တွေလန့်ကြွေမှ
သစ္စာပျက်ကြောင်းရနံ့တွေ ငါရတယ်
ငါ့ဆီ မဆွတ်ပျံ့တဲ့ လရောင်စိမ်းရယ်
ရှင်မတောင်သနပ်ခါး မှန်မှန်လိမ်းပါ
ပြီးတော့ ...
အဲဒီကောင်ဆီမှာ
ငါ့ရင်ခွင်မှီလို့ ချွဲဖူးသလို ချွဲပါ ။

K သူ