ဤမြေချာဟာ ဝေဒနာတွေဆက်ခံရတုန်း
ဤမြေချာဟာ အတ္တဝါဒီတွေနဲ့ဆက်ဆံရတုန်း
ဤမြေချာဟာ မျက်နှာဖုံးတွေကြောင့် ရှက်ရွံ့ရတုန်း
ဤမြေချာဟာ မီးခိုးပြာတွေထဲအိပ်စက်ရတုန်း
ဤမြေချာဟာ သွေးနာရီသံတွေနဲ့ ရှင်သန်ရတုန်း
ဤမြေချာဟာ မျက်ရည်ခွက်ထဲ ပက်လက်မျောတုန်း
ဤမြေချာဟာ ဓမ္မကျမ်းစာတွေထဲ စာမေးပွဲကျတုန်း
ဤမြေချာဟာ အဓမ္မသင်ခန်းစာတွေနဲ့ ပျော်နေတုန်း
ဤမြေချာဟာ လကွယ်ညတွေနဲ့ ပေါင်းသင်းနေတုန်း
ဤမြေချာဟာ စစ်ခရာသံတွေနဲ့ ကပွဲကျင်းပနေတုန်း
ဤမြေချာဟာ ပေဖြစ်လည်း ခံ ၊ တူဖြစ်လည်း ခံရတုန်း
ဤမြေချာဟာ ဖရုဿဝါစာတေးတွေနဲ့ ယဉ်ကျေးနေတုန်း
ဤမြေချာဟာ ကျည်ကာအင်္ကျီ ကြယ်သီးတပ်နေတုန်း
ဤမြေချာဟာ ဓားပျော့လေးကို သားချော့တေးထင်တုန်း
ဤမြေချာဟာ ငရဲဆီးနှင်းမိုးတွေနဲ့ စီးချင်းထိုးချင်တုန်း
ဤမြေ ... ချာ , ဟာ ...
ဤမြေ ... ချာ , ဟာ ...
ဤမြေ ... ချာ , ဟာ ...
K သူ
30 jan.
2 0 1 7