မမ စံပယ်တင် - ၂




ကိုယ့်အကြောင်း ကိုယ်
မတွေးကောင်းသလို နေတယ် ။
ကိုယ့်ရုပ် ၊ ကိုယ့်နာမ်
ကိုယ့်ဆီမှာ ဘာမှမကျန်တော့ဘူး ။

မမ နှုတ်ခမ်းကွေးလိုက်ပုံက
ဝေးကြစို့ ၊ ဝေးကြဖို့ ပြောသလား
မမ နှုတ်ခမ်းမဲ့လိုက်ပုံများက
စစ်ကြိုခေတ်လား ၊ စစ်အေးကာလလား
ကိုယ့်မှာ မကွဲပြား ။

ကိန္နရာချောင်းခြား ၊
လွမ်းရမယ့်အကြောင်းတရားတွေ
မီးလင်းဖိုလို ရင်ဘတ်ထဲပစ်ထည့်
နွေး/ဆွေး ခဲ့ရတယ်ပေါ့ ။

ချစ်သော မမရဲ့
ချစ်သော မှဲ့နက်ပြာလေးထဲမှာ
အသက်တစ်ဝက် အရှက်တစ်ဝက်ပါသွားခဲ့မှုဟာ
ကိုယ့် ကံကြမ္မာသာ ... ။

Kသူ