နွေညရဲ့ ငွေလဝယ်


ဝေဒနာ ရွက်ခြောက်တွေကလည်း
နွေကမ္ဘာ ရက်တလျှောက်မှာ ...
နေစရာ အခက်ပျောက်ပြီမို့ 
ရတက်နှောက်အောင် ကြွေ ။

သခင်ခွဲချန်တဲ့ ...
ရင်ထဲသဏ္ဍာန် ဒီလိုပါပဲ
ငြင်ငြိုစရာ အမုန်းမာန်နှင်းပြီး
မမြင်လိုပါ ရုန်းကန်ငြင်းလို့
တောင်းပန်ခြင်း အသနားမငဲ့
ထားခဲ့တော့လေ ... ။

သစ္စာမြတ်မှန်ဘဝမှာ
မေတ္တာခက်ထန်ပြသူရဲ့
သံသယ သံသရာနွံထဲ
ရန်စ ကံကြမ္မာလွန်မဆွဲလိုဘူး
အသည်းကို ငရဲပျိုမြောက်အောင်
ကိုယ်တစ်ယောက်တည်း ခံရစေ
အဖန်တစ်ရာ့နွေ သင်္ချေကြော့
ဪ ... ရန်စခြွေ တင်မနေတော့ ။

အလွမ်းမြှုံးကို
ပန်းကုံးလို လည်မှာချိတ်ရင်း
အတိတ်ရဲ့ အဆိပ်နယ်တွင်းက
အရိပ်နဲ့ ဆိတ်ကွယ်ခြင်းမရတဲ့
အလင်းမဲ့ နှောင်းနွေညများမှာ
အလှတပါး မဆုံးမျှော်ခဲ့မည်
မဖုရား ဘုန်းတော်ဘွဲ့သီရင်း
မျက်ရည်ပြာ ကောင်းကင်သုတ်လို့
နှောင်းသခင်ရုပ် စုံနံ့သာကို
ယုန်လွှာ ဖော်ကွာမဝေးစေဖို့
ပုဏ္ဏမာ သော်တာအသွေးမှာ
ရေးခဲ့မယ်နော့ ... ။ 


မင်းခသူ