အလွမ်းနဲ့ ...
လင်းနေတဲ့ ဆိုင်ကလေး
တစ်ညလုံး တိတ်ဆိတ် ။
တစ်ကိုယ်လုံး ခရမ်းရောင်
မအောင်မြင်တဲ့ သီချင်းကို
ကြိတ်မြိုချနေတာ ကြာပြီ ။
ကြာပြီ ... ဆိုတာ ၊
အတိတ်ကာလများစွာကနေ
ပစ္စုပ္ပန်ကိုလှမ်းထွန်းညှိပေးနေတဲ့
အနာဂတ်ရဲ့ ဝပ်အားနည်းနည်း
မီးလုံးကလေးတစ်လုံးပါပဲ ။
လောကရဲ့ ချောင်ကျကျထောင့်ကနေ
လောကကို ချောင်းမြောင်းကြည့်ရှုသူ
အလွမ်းဆိုင်ထဲမှာ အငွေ့တလူလူပေါ့ ။
အလွမ်းနဲ့ လောင်တယ်
မီးအမြှိုက်ခံထားရတဲ့ ညမွှေးပန်းတွေ
အလင်းမဲ့ လောင်တယ် ။
တခမ်းတနား တိတ်ဆိတ်နေတတ်တယ်
တိုးဖွတဲ့ လေညင်းရဲ့ခြေသံကိုတောင်
အကြွင်းမဲ့ ကြားနေရတယ်
အလွမ်းဟာ ... ရောင်းအားအကောင်းဆုံး
စားသုံးသူအများဆုံး ညချမ်းကလေးပါပဲ ။
မင်္ဂလာပါ ... အချစ်ရေ
မေတ္တာတရားကိုတော့
အကြွေးအားပေးခြင်း ၊ သီးခံလေ ။
- K သူ