ကြယ်​​ကြွေ ​တောင်းဆု

တစ်သက်လုံး ကလေးဆန်နေတော့မှာလား ။ မချော့တတ်
သူအတွက်တော့ စိတ်ကောက်ခြင်းဟာ ရေပေါ်အရုပ်ရေး
နေခြင်းပဲ ချစ်သူ ။ မာနခြင်းပြိုင် ဘယ်သူနိုင်မလဲ ။

ပြောပါ...။ စိတ်ဓာတ်ကျလွန်းလို့ပါ ။ မင်းနဲ့အတူ လောက
ကြီးနဲ့ပါ ကာလအတန်ကြာ အဆက်သွယ်ဖြတ်ထားချင်ရဲ့
ကွယ် ။ ဖြေပါ... ကိုယ့်ကိုချစ်တယ်ဆိုတာ အမြဲတမ်းပဲ
စိတ်ကောက်နေရုံသက်သက်ပဲလား ။ ဖြေပါ...ကိုယ်မှား
နေခဲ့လို့လား ။ ဝေဒနာသည်တစ်ယောက်အပေါ်မှာ.....
ဝေဒနာတွေ ထပ်ထပ်ပေး , သိပ်ကလေးမဆန်ပါနဲ့လား။


မင်းပျော်ဖို့အတွက်ဆိုပြီး ရိုးသားမှုတွေစတေးခဲ့ဖူးတယ် ။
မင်းရယ်မောဖို့ ကိုယ့်မျက်ရည်တွေ ထွေးထုတ်ခဲ့ရပြန်
တယ် ။ နောက်ဆုံး ကိုယ်ေ-ွး ဖြစ်ရုံပဲရှိတော့တယ် ။
ကျေးဇူးပြုပြီး ကိုယ့်နှလုံးသားကိုလွတ်လပ်ခွင့်ပေးခဲ့ပါ
တော့ ။ ကျေးဇူးပြုပြီး ကိုယ့်အဇ္ဈတ္တကို ရှင်သန်ခွင့်ပေး
လှည့်ပါတော့ ။

ကိုယ့်ကိုမေ့ခြင်းအားဖြင့် သင့်ပူလောင်မှုအား အေးမြစေ
ပါ ။ ကိုယ်ကိုလျစ်လျုရှုခြင်းအားဖြင့် သင့်ပျော်ရွှင်မှုအား
တည်ဆောက်ပါ ။ သင့်အတ္တတွေ သိပ်ကြောက်လွန်းလို့
ဆက်သွယ်မှုဧရိယာပြင်ပ မှာကိုယ်ပုန်းကွယ်နေပါရစေ။
ရှင်းသန့်ခြင်းနိုင်ငံတော်မှာ ကဗျာတွေတွေနဲ့ ကိုယ့်ကိုယ်
ကို သိုဝှက်နေပါရစေ ။

ကိုယ့်ကို မုန်းပါ ၊ မေ့ပါ ၊ ရက်စက်ပါ ။ မင်းမှာလုပ်ပိုင်
ခွင့်အာဏာအပြည့်ရှိပါတယ် ။ ခြေလိုခြွေ နင်းချင်နင်း
အရာရာ မင်းသဘောအတိုင်း အနိုင်ပိုင်းနိုင်တယ် ။

အသည်းကိုဓားနဲ့ပိုင်းချင်ပိုင်း အရင်လူတွေနဲ့ သိပ်မနှိုင်း
ပါနဲ့လား ။ မင်းရဲ့ မာနအသိုင်းဝိုင်းကြားမှာ ကိုယ်လိုလူ
သား ဘယ်လိုများခေါင်းမော့နိုင်ပါ့ ။ ဟုတ်ကဲ့... မင်းပြော
သမျှခေါင်းညိတ်ရင်း ကိုယ့်ရှင်သန်ခြင်းတွေကို မင်းအ
တွက်ဖြစ်စေဖူးတယ် ။ အခုတော့အရာအားလုံးဆုံးလျ
သွားပါပြီ ။

ကိုယ့်နှလုံးသားကို ဆက်သွယ်ချင်ရင်တော့အမုန်းဂဏန်း
၁၃ ရှေ့မှာ မိုင်းနတ် စ် ( - ) ခံပြီးဖုန်းခေါ်ပါ ။ တန်ရာ
တန်ကြေးအနေနဲ့ ကိုယ့်သံယောဇဉ် ၁၅၀၀ ကို ၁ လျှော့
ထားလိုက်မယ် ။ ထပ်ပြောမယ်... မာနခြင်းပြိုင် ဘယ်သူ
နိုင်မလဲ ။ ဒီပွဲမှာ ကိုယ့်နှလုံးသားကို အကြွင်းမဲ့လောင်း
ထားတယ် ။ အနှိုင်အရှုံးမှာ ဘဝတစ်ခုပါတယ်ဆိုတာ
မမေ့ပါနဲ့ ။ နောက်တစ်ချက် အနုပညာသမားရဲ့.........
နှလုံးသားက သင့်စိတ်ထက် အတိုင်းဆမဲ့ နုညံ့တယ်ဆို
တာမမေ့ပါနဲ့ ။ သင်ကစားချင်ရင်တော့ အနုပညာသမား
တွေကို ဘေးမဲ့ပေးဖို့တောင်းဆိုပါရစေ ။ ယုံပါ... ။ သင့်
ကိုတော့ အမှတ်တရအနေနဲ့ ကိုယ့်အသည်းမှာ သွေးနဲ့
ကမ္မည်းတင်ထားမယ်ဆိုတာ ယုံပါ ။ အခုချိန်က စပြီး
ကိုယ့်အပေါ် စိတ်ကောက်စရာလိုတော့ဘူး ။ နာကျည်း
နိုင်ပါတယ် ။ ဒါပေမယ့် ကိုယ့်နာကျင်မှုကို ကိုယ်ချင်းစာ
ပေးပါ ။ နောက်ဆုံးအနေနဲ့ ကိုယ့်မျက်ရည်မြစ်တစ်စင်း
မှာ ပျော်ရွှင်စွာလှော်ခတ်လိုက်ပါဦး......

 *** ကြယ်ကြွေ တောင်းဆု ***

 နှင်းဆီနှုတ်ခမ်းပါးထက်က
 အမုန်းစကားရဲ့အဟုန်ဟာ
 သိလား....
 ဘဝတစ်ခုကို ကြေမွစေခဲ့တယ်

 တစ်ချိန်က ကြင်နာခြင်းတွေမှာ
 ခပ်စိမ်းစိမ်းရောင်စဉ်တွေက...
 အခုထိ ကခုန်နေတုန်းပါပဲ ။

 ချစ်သူ...
 ချစ်မိသူသာ ရှုံးသတဲ့
 အရင်လို ပြုံးပြပါဦးလား
 ခပ်မြမြဓားသွားတွေကဖြင့်
 သွေးဆာစွာ ရင်ကိုဖွင့်
 သင့် လက်တော်ထဲမှာ
 ကိုယ့်အကြင်နာ ဥဒါန်းများ
 လှောင်ရယ်လိုက်စမ်းပါ ချစ်သူ ။

 မှုန်ရီဝေဝါး...
 ဒီပန်းချီကားထက်က
 ရွေ့လျားကောက်ကြောင်းတွေဟာ
 မာယာကို တန်ဆာဆင်ခြင်းဆိုရင်
 ကိုယ့်ရင်တွင်းကဗျာတွေ စားသုံးပါ
 ပြီးတော့...
 အောင်နိုင်ခြင်းနဲ့ ပြုံးလိုက်ပါ ။

 နှလုံးခုန်သံမရပ် မချင်းမှာတော့
 သင်းကွဲငှက် တစ်ကောင်အဖြစ်နဲ့
 ညင်းသွဲ့သွဲ့ အထီးကျန်ကကြိုးမှာ
 ကိုယ်ရယ်...လွမ်းမောခြင်းရယ်...
 မျက်ရည်ဇာတ် ခင်းနေဦးမှာပါ ။

 ချစ်သူရေ
 သင့်အား...
 သောကတို့ကျိန်စာမဆိုပါစေနဲ့

 အခုတော့...
 အရာအားလုံးဆုံးလျသွားပါပြီ

 မာနစစ်ပွဲကြားက
 နှလုံးသားတွေအနားမှာ
 ချိုးဖြူငှက်တို့ တေးဆိုပါစေ ။

==============================

မင်းခသူ (ကဗျာ Diary) 19 . 6 . 2014 / Thurs