*** ကြယ်​​ကြွေ ဆု​တောင်း ***



 လွမ်းတယ်...
 ကြယ်တွေမြေခ လာမှာ
 သိပ်ကြောက်မိပါတယ်...

 ခပ်စူးစူးအကြည့်တွေ တမ်းတ
 အသိတွေ ပျောက်ရှ ခဲ့လို့
 ကောင်မလေးရေ...
 ပရိဝေဒမီးတွေ တစ်ဖွဲဖွဲ
 သောကတွေလဲ သည်းလို့ပေါ့ ။



 စွဲလမ်းခဲ့ဖူးရဲ့
 ရူးမိခဲ့တဲ့ မင်းဆံနွယ်မှာ
 စံပယ်တွေ ပန်လာတဲ့နေ့က
 သံသရာ မေ့လောက်တဲ့အထိ
 မင်းကို ငေးကြည့်နေဖူးတယ်
 ယစ်မူးမိပါတယ် မိန်းကလေး
 ဝန်ခံလိုက်ပါရဲ့....

 အဲဒီ...ဒိုင်ယာရီ ထဲမှာ
 အဲဒီ...အတွေးထဲမှာ
 အဲဒီ...အိမ်မက်ထဲမှာ
 တစ်ခါက လို့ဆိုပေမယ့်
 မနေ့တစ်နေ့ကလိုပဲ
 ရင်ထဲမှာ နေရာယူဆဲ
 ပိုင်စိုးမြဲပါ မိန်းကလေး ။

 ခပ်စိမ်းစိမ်း အကြည့်တစ်ချက်မှာ
 အချစ်တွေ အသက်ပါသွားတဲ့နေ့က
 မျက်စာခြွေဝင့် , မုန်းမာန်ဆင့်
 ကိုယ် နောက်ဆုတ်ဖို့ အဆင်သင့်ပါပဲ ။

 ရင်ခွင်ကိုလာလာ ဖွင့်တတ်တဲ့
 အေးစက်စက် မင်းလက်ဖျားတွေ
 ကောင်မလေး ရေ...
 အခုထိ ခဲ နေဆဲပဲလား...

 ကိုယ်နေတတ်ခဲ့ပါပြီ...
 မင်းနာမည် ခပ်သဲ့သဲ့ကို
 ယဲ့ယဲ့လေး ရှိုက်သွင်းရင်း
 အခုထိ မိုက်တွင်းနက်နေဆဲပါ ။

 ဒါဟာ ပုံပြင်မဟုတ်ပေမယ့်
 ကိုယ့် ဒဏ်ရာတွေမင်းယုံရမယ်
 အို... ကောင်မလေး
 နောင်တတွေ ဆေးခြယ်ရင်း
 နှလုံးသား ကင်းဘတ် ပေါ်မှာ
 မင်းပုံလွှာ ဝိုးတဝါးရှိတယ်...

 နှင်းပြာပြာအောက်မှာတော့
 မင်း , ခြေရာဖွေရှာနေဆဲ
 ဝေဒနာတွေ သည်းထန်လို့
 ကံစေရာ ကိုယ်မသွားချင်ဘူး
 ယဉ်ယဉ်လေးရူး သူမှာတော့
 သစ္စာတွေ စူးနေလေရဲ့...

 တစ်နွယ် ယှက်လို့
 တစ်သက် ပါခဲ့ပြီလေ
 တပ်မက် , တွယ်တာ
 မာယာ မှော်လမ်း...
 ဘယ်ရင်ခွင် မကိုဋ်ပန်းမှာ
 မင်းက...
 နန်းထိုက်ချင်သေးတာလဲ ။

 မောဟိုက်နွမ်းလျ...
 အကြွေပန်းဘဝနဲ့ ကိုယ်
 မြေခလို့ နင်းချင်နင်း
 ဝပ်စင်းနေပေးပါ့မယ်ကွယ်...
 သို့ပေမယ့်...
 ကြယ်ကြွေတောင်းဆုမှာတော့
 ပေါင်း ဖက် ရန် ရွယ်...။ ။

==============================

                                မင်းခသူ (ကဗျာ Diary)
                                17 . 6 . 2014 / Tue