မြနန္ဒာသို့ (၁၁)

မြနန္ဒာသို့ (၁၁)

မြင်​မြင်​ခြင်း အချစ်​မို့
ခင်​ခင်​ငြင်းပစ်​မလား​လေ ။

နုငယ်​သူ အလှ​သွေးရယ်​က
ခဏ​တွေးကာ ဒီလူကိုဖြင့်
မကြည်​ဖြူ တမင်​ပုန်းလို့
ခင်​ရယ်​..... မုန်းပါနဲ့​လေ ။

မျက်​​စောင်းရယ်​​စွေ ...
သြော်​...
ဇက်​​စောင်းကာခံရန်​အသင့်​ ။

ချစ်​တဲ့သူ ခင်​​လေးရယ်​က
ပြစ်​ဖွဲ့ယူ မကြင်​​သေးရင်​​ပေါ့
ဘဝင်​​ဆွေးကာ ​သောက​တွေနဲ့
လောကကမ္ဘာ ​ပျော်​နိုင်​ဘူးခင်​ရဲ့
ရစ်​မူးစွာ ချစ်​တတ်​​လေမှ
(ခင်​က...) ငြိုးမျက်​မာန်​ဖွင့်​ ။

မင်းခသူ (ကဗျာ Diary)

posted from Bloggeroid