အန္ဓရဲ့ ကဗျာ

သနပ်ခါးပွင့်လေး နွမ်းတဲ့နေ့မှာပဲ
ကျွန်တော်နဲ့ ကောင်မလေးတို့ ...
မိဝေး ဖဝေးလွမ်းလိုက်ကြတယ် ။

ဝေဒနာတေးတွေကို
ကြေငြာပေးရတဲ့ ကဗျာဆရာ
ကိုယ့်အသည်းကို ...
ကပျာကယာ လိုက်ကောက်နေရဲ့
ဒါ...ဘုံဆိုင်မှာ တစ်ကယ်ဖြစ်ခဲ့တယ် ။

ဆောင်းကို နမ်းပြီးမှတော့
နွေကို မလှမ်းချင်တော့ပါဘူး
သူ့အကြည့် တဖွဲဖွဲမှာတင်
ကျွန်တော် သေရဲခဲ့ပါပြီ လေ...

မင်းခသူ (ကဗျာ Diary)