လွမ်းသန္ဓေတည်ခဲ့သော

အမေမွေးကတည်းက
အနေဝေးဖို့ကံပါသလားလို့
တစ်ခါ တစ်ခါ စဉ်းစားတယ် ။

အိမ်မက်ဆိုတာ ...
စိတ်ပျက်စရာကောင်းတဲ့
မျှော်လင့်ချက်တွေပါပဲ ...

ကျွန်တော်နဲ့ ကြယ်ကလေးတွေ
ခပ်ဝေးဝေးနေကြည့်လိုက်ကြ
မမြင်ရတဲ့ အနာဂတ်ထဲကို ....
ခြောက်ကပ်စွာ တိုးဝင်လိုက်ကြ
ရင်ဘတ်ကန္တာရကြီး လွယ်ရင်း
အင်း ...
လွမ်းမောခြင်းတွေ အရေထူနေဆဲပဲ

ကျွန်တော်နဲ့ ကောင်မလေး
ရင်ခုန်သံ တစ်ရာသီစာဝေး
အဲဒီ ညိုပြာညက်လေးအတွက်
သွေးကြောတိုင်း တီးခတ်ပေးခဲ့တယ်
အလွမ်းရာသီပတ်ပျိုးကိုမှ
မြတ်နိုးတတ်သူတစ်ယောက်
သူ ...... ပျော်မှာပါ ...ပျော်...မှာ....ပါ လေ။

ဟောဒီ ကြွေရွက်ဝါလေး
မြေထက်မှာ ဆွေးပါစေတော့
ဆွေးစေပေါ့ကွယ် ....
ဘုံကြငှန်းတွေထက်ကိုတော့
မျှော်တမ်း ..... လွမ်းရပါဦးမယ် ။

မင်းခသူ ( ကဗျာ Diary)