ချစ်အားငယ်ရလေသူ

တမ်းမျှော်လင့်သူဘဝမို့
လှမ်းခေါ်ခွင့် ဒီလူမပိုင်ပါဘူးမေ ။

တစ်ဖက်သတ် အလွှာဝေးပေမယ့်
အသက်ဆက် ကဗျာရေးသူရယ်က
တစ်ခါတွေးရင် အတော်ဆွေးတဲ့
ကိုယ်က .... ဖော်ဝေးသူလေ ။

တိမ်းသွားသူ မနာကျင်ပေမယ့်
စိမ်းစကားသူ ညာချင်နေတော့
စာတင်ကာ မပြောတော့ပါဘူး
မောလျသူက ဖြေမပြေ ....
သြော်...နွေတစ်နွေ ရင်မှာပြင်း ။

အကြောင်းကံမပါ...
နှောင်းသံသရာ ချစ်မှာပဲရယ်လို့
တောင်းပန်ကာ သစ္စာမြဲသူက
မေတ္တာစွဲတူ နှစ်ကိုယ်ကြင်ရေးကိုဖြင့်
အပြစ်ရှာလဲ ကိုယ်မငြို ငြင်ရဲပါဘူး
ဘယ်လိုပင် ရှောင်ခွာစိမ်းပေမယ့်
နောင်ခါတိမ်းကာ သူပျောက်မှာဖြင့်
ကိုယ့်မှာ ...... စိုးကြောက်ရခြင်း ။ ။

မင်းခသူ (ကဗျာ Diary)