ဘုရားတိုင်ရတု

သစ္စာအလွမ်း ၊ မေတ္တာဖြန်းလျက် ၊
နွမ်းသက်ကြွေကျ ၊ မြေတွင်ခ သို့ ၊
ရင်မှအသည်း ၊ ကျွမ်းနေဆဲတွင် ၊
ဖွဲဖွဲမွကြေ ၊ ခွဲရက်လေခဲ့ ၊
မေသက်ကညာ ၊ သူစိမ်းပါလဲ ၊
ကျွန့်မှာ မမေ့ ၊ တမ်းမိနေ့စဉ် ၊
မမွေ့ရင်လွှာ ၊ နွေတစ်ရာသို့ ၊
ဖြေသာလို့လဲ ၊ မပြေမြဲ လေ ၊
နွှဲလေကိုယ်တည်း ၊ လောင်မြိုက်မီးမို့ ၊
ခရီးမသာ ၊ နီးရပါဟု ၊
မောင့်မှာဆုတောင်း ၊ ခင်ခင်နှောင်းသည် ၊
ပြောင်းလဲတဖန် ၊ တိမ်းရက်ရန်ကော ၊
မျက်မာန်ဝင့်ထည် ၊ ပုန်းခဲ့ပြီလေ ....၊
မုန်းသည်သူ့အား မချစ်ပါဘုရား ။ ။

မင်းခသူ (ကဗျာ Diary)