လွမ်းသမျှစိတ် ၊ နွမ်းလျ ရိပ်ခို ၊
တမ်းမှိတ်ပြိုလဲ ၊ တစ်ကိုယ်တည်းတွင် ၊
သည်းဘဝင်မှာ ၊ သူသာထပ်လောင်း ၊
သူ့အကြောင်းတွေ ၊ တွေးဆကြွေလွင့် ၊
ဖြေမရွှင့် ပြီ ၊ ဘယ်ဝယ်ဆီ၌ ၊
ရွယ်ရည်ခိုက်တွင် ၊ မြိုက်လောင်ရင်ထဲ ၊
ကြင်သည်း ဗျာပွေ ၊ နွေကုဋေ သို့ ၊
မျက်ရည်စို့ လာ ၊ အလင်္ကာတေး ၊
ကြင်သာသေးသူ၊ ချစ်မျိုးဟူ ၍ ၊
အယူမေ့ နိုင် ၊ မေတ္တာယိုင်သည် ။
စွေဖြိုင် မျက်ရည် ဝေသို့လော ။ ။
တမ်းမှိတ်ပြိုလဲ ၊ တစ်ကိုယ်တည်းတွင် ၊
သည်းဘဝင်မှာ ၊ သူသာထပ်လောင်း ၊
သူ့အကြောင်းတွေ ၊ တွေးဆကြွေလွင့် ၊
ဖြေမရွှင့် ပြီ ၊ ဘယ်ဝယ်ဆီ၌ ၊
ရွယ်ရည်ခိုက်တွင် ၊ မြိုက်လောင်ရင်ထဲ ၊
ကြင်သည်း ဗျာပွေ ၊ နွေကုဋေ သို့ ၊
မျက်ရည်စို့ လာ ၊ အလင်္ကာတေး ၊
ကြင်သာသေးသူ၊ ချစ်မျိုးဟူ ၍ ၊
အယူမေ့ နိုင် ၊ မေတ္တာယိုင်သည် ။
စွေဖြိုင် မျက်ရည် ဝေသို့လော ။ ။
ပန်းအလှရိပ် ၊ ခဏမှိတ် လို ၊
အိပ်မက်ပြိုလဲ ၊ ညိုအသည်းနှင့် ၊
လွဲသင့် ကျိန်စာ ၊ သူလိမ်ညာရက် ၊
ကလျာသက်လယ် ၊ အမျက်ပြယ်မှ ၊
တွယ်ရ နိဗ္ဗာန် ၊ စိတ်အကြံ ထဲ ၊
တူပျံဝဲ ချင် ၊ သူခွဲလျင်လည်း ၊
ခင်ခင်နှမ ၊ သူ့လိုကျဟု ၊
ဘဝဖန်ဖန် ၊ နှင်းအပ်ရန်ကို ၊
မုန်းမာန်ဆိုဝင့် ၊ မာယာဆင့်၍ ၊
ခင့်မှာ စိမ်းနိုင် ၊ မာနလှိုင်သည် ။
တွေမှိုင် ခက်ပွေ ဖြေလို့မော ။ ။
နွမ်းဘဝမှိတ် ၊ မျက်ဝန်းရိပ်ညို ၊
အိပ်လိုသော်လဲ ၊ ပျော်လုဆဲတွင် ၊
အမြဲခင်သာ ၊ ဘဝင်မှာပိုင်စိုး ၊
ရိပ်လာမိုးစဉ် ၊ မောင့် ရင်ခုန်တိုင်း ၊
ဆူနာလှိုင်းမျှ ၊ မိုးဦးကျ သို့ ၊
ဘဝစိုပြေ .... ၊ မြင်မြင်လေရာ ၊
ရွှေဝါရောင်လင်း ၊ ထွန်းပဝင်း၏ ၊
နတ်ဆင်းဝေဖြာ ၊ မောင့်ကမ္ဘာတွင် ၊
ကညာနတ် ကြွေ ၊ အုပ်မိုးစေ၍ ၊
တမေ စွဲခိုင် ၊ ချစ်ခြင်းလှိုင်သည် ။
နွေဆိုင် ရွက်တွေ ကြွေလို့စော ။ ။