တစ်ကယ်တော့
ကဗျာရေးတတ်စမှာတင် ငါ သေသွားတယ်
အတော်ဆုံးကဗျာဆရာဟာ အတော်ဆုံးအသဲကွဲသူပါပဲ
ငါနဲ့ လွဲနေတဲ့ အလုပ်ကြံခံ သရုပ်မှန်ကဗျာတွေအား
နားထောင်နေရတဲ့ နားက ခါးသက်သက် ....
ကောင်မလေးရေ ..... ကောင်မလေးရေ ......
အရိုးရှင်းဆုံး လူတစ်ယောက်ရဲ့ သက်ပြင်းလေးတွေ
နားဆင်ပေးပါ ... အဲဒါ ကဗျာတစ်ပုဒ်ဖြစ်တယ်
ကဗျာရေးတတ်စမှာတင် ငါ သေသွားတယ်
အတော်ဆုံးကဗျာဆရာဟာ အတော်ဆုံးအသဲကွဲသူပါပဲ
ငါနဲ့ လွဲနေတဲ့ အလုပ်ကြံခံ သရုပ်မှန်ကဗျာတွေအား
နားထောင်နေရတဲ့ နားက ခါးသက်သက် ....
ကောင်မလေးရေ ..... ကောင်မလေးရေ ......
အရိုးရှင်းဆုံး လူတစ်ယောက်ရဲ့ သက်ပြင်းလေးတွေ
နားဆင်ပေးပါ ... အဲဒါ ကဗျာတစ်ပုဒ်ဖြစ်တယ်
ချစ်ခြင်းအလွန် အမုန်းဘွဲ့တေးပန်းချီ
ရေးသီစပ်ထုံးတွေ ပစ်ပေါက်ခံစားလိုက်
နက်စ် ကော်ဖီတစ်ကြိုက် နှစ်ကြိုက်သောက်သုံး
မင်း .......
ပြုံးတော်မူပါ ။
ဘုရားကျောင်းထဲက ကြေကွဲခေါင်းလောင်းသံ
ဓမ္မတေးသံ တစ်ညံညံဟစ်ကြွေး .... အနာဂတ်ကို
ဆေးကြောတော်မူပါ .... ။
ဆွေးတယ် လူမလေးရယ် ...
ဗလာစာရွက်တွေ သွေးဆုတ်ဖြူရော်
အခုဆို ...
တောင်ပေါ်မှာ ချယ်ရီတွေပွင့်နေရှာပေါ့
ငါ့ ဘောပင်လေးလဲ ....
သံတိုင်တွေကြားမှာ ၊ မှိုင်တွေ ဝေဝါးခဲ့ပြီး
သံတိုင်တွေကြားမှာ ၊ သီချင်းလေးတွေညည်း
သံတိုင်တွေကြားမှာ ၊ လရောင်လေးတွေခိုစီး
သံတိုင်တွေကြားမှာ...... .
......................................
......................................၊ ကဗျာတစ်ပုဒ်ပြီးသွားတယ်
လရောင်တွေလဲ ဖြူ သွားပါပြီ
ညအမှောင်တွေလဲ ယူထားပါသည်
တိမ်ပန်းချီတောလား တစ်ပိုဒ်မှာတင်
အိမ်မက်များစွာ မူးမိုက်ပါလိမ့်မည် ။
ပြတင်းတွေပိတ် ၊ ပြတင်းတွေဖွင့်
မျှော်လင့်သူ ထိပ်ထားရဲ့ ခြေသံ
ငါ ..... ပြန်ပေးလိုက်ပါတော့မည် ။
အကြင်နှင့်တူသော ကော့တေးတစ်ခွက်
အိမ်မက်တွေ ထည့်ထည့်ဖျော် သောက်
ဟော ....
မနက်ရောက်နေတာတောင် မူးဝေနေတုန်း
အုံ့ပုန်းအချစ်တလုံးနဲ့ .... ဘုံးဘုံးလဲရတော့သည် ။ ။