မကြုံဘူးပါ ဘဝတစ်ကွေ့မှာဖြင့်
သထုံဦးမှာ ခဏတွေ့လာ တဲ့
နန်းမွေ့သူ တစ်ပင်စံတပါးကိုလ
လွမ်းငွေ့ပူ ကြင်ရန် ထားပါလို့
ခင် ပြန်သနားရင် သူ ပျော်မယ် - တဲ့
သစ္စာတော် နဲ့....မငြီးနိုင်ပင်
သြော် တကယ်....
မေတ္တာတော်ဖွဲ့ ထီးလှိုင်ရှင် ။
့
သထုံဦးမှာ ခဏတွေ့လာ တဲ့
နန်းမွေ့သူ တစ်ပင်စံတပါးကိုလ
လွမ်းငွေ့ပူ ကြင်ရန် ထားပါလို့
ခင် ပြန်သနားရင် သူ ပျော်မယ် - တဲ့
သစ္စာတော် နဲ့....မငြီးနိုင်ပင်
သြော် တကယ်....
မေတ္တာတော်ဖွဲ့ ထီးလှိုင်ရှင် ။
့
နှောင်းသံသရာ ဘဝအဆက်ဆက်ရယ်က
ကြောင်းဖန်ကာ ခဏ ထပ်ဆုံရစဉ်ပေါ့
မြင်ချင်းပင် ချစ်တဲ့အကြောင်းရယ်မို့
ခင် ငြင်းချင် မျက်တော်မစောင်းလိုက်ပါနဲ့
သောင်းထိုက်ဝဠာ သစ္စာဓာတ်တည်လို့
မေတ္တာမြွက်ခြွေ အကြင်နာတေးသီ၍
ရင်မှာထွေးမည် အသက်ဆုံးတိုင်ပေါ့
မပျက်ပြုန်းနိုင် ခင့် အပေါ်အချစ်တွေနဲ့
အခွင့်တော်ပေးကွဲ့ ကျော့မှူး သခင်ရယ်
ရင် , မူးမိချင် တယ်နော်ကွယ် ....
ခင်ဦး၏သွင် ။
သြော်.....
ပလ္လင်မပိုင် တပ်မှူးအဖြစ်ပေမို့
မမြင်မနေနိုင် ထပ်ရူးရစ်ပါ ပေါ့
အနုရုဒ္ဓါ ခမည်းတော်ဘုရားရယ်က
ရှုမငြီးနော် စန္ဒာ တစ်ပါးကိုလ
သူ့ခရီးဖော် အမှန်ထားမယ် တဲ့
သားမလိမ္မာ ငကျန်စစ် ကိုဖြင့်
ထားကျိန်စာ မာန်ဟစ်ကြွေးပါလို့
အပြစ်ပေးတာ လှံပျံတစ်ချက်ပါတဲ့
မှန်ချက်ဟာ နှောင်ကြိုး ပြေတာမို့
အရိန္ဒမာ ရယ်နဲ့ ပြေးခဲ့စဉ် ....
ဝေးခဲ့ခင် ကြောင့် လွမ်းတာများ
သြော်....
ဆွေးတဲ့ဘဝင်နှောင့် လှမ်းကွာသွား ။
ဖြေမပြေ ...
နွေကုဋေ ရင်မှာပြင်းတာမို့
မေတမေ ကြင်နာခြင်းတွေဖြင့်
အံတင်းကာ မျှော်တ ပေမယ့်
မပျော်ဘဝမှာ မာန်နှိမ်ကာပဲ
ငကျိန်မလိမ္မာ မင်းဒဏ်သင့်ပေမို့
ငြင်းရန်အခွင့် အကျွန်မပိုင်ပါလည်း
ခင် ညွှန်ရာ တကယ်သွားမှာနော့
ထားချင်ထား ...... နေ ဆို နေ
ဝေ ဆို ဝေ ..... ခြောက် ဆို ခြောက်
နှောက် လို နှောက် ရင်ထဲကိုတော့
ခင် ခွဲရင် ဘယ်မညည်း ပါဘူး
နယ်စည်းဟာ ဘယ်လိုခြားပေမယ့်
တစ်ကယ်ခရီးမှာ ပန်းမကိုဋ်တပါးကိုတဲ့
အိုကွယ် ..... လွမ်းလိုက်တာများ ။ ။
(ကာလပေါ်စာထောင့်လေးချိုးကြီး)
